မြေတူးနေစဉ် ကမ်းပါးယံပြိုကျ၍ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ ဇန်န၀ါရီ ၁၉

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာ V4 H6 လမ်းနှင့်ပေ(၃၀)ခန့်အကွာ၊ မြေကွက်အမှတ်(၁၈၈၂)ကျောက်အိုးတောင်ယာ အတွင်းရှိ မောင်းရမ်းကျေးရွာနေ ဦးသန်းအောင်(၄၈)နှစ်၏တောင်ယာကွင်း အတွင်း မြေပြိုကျ၍လူသေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ တောင်ညို နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ မြေတူးအလုပ်သမားဖြစ်သူ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းမြောက်ရွာနေ ရဲစိုး(၂၀)နှစ်ပါ(၆)ဦး မြေတူးသယ်နေစဉ် အမြင့်(၁၈)ပေခန့်ရှိ မြေသားကမ်းပါးပြိုကျသဖြင့် ရဲစိုးပါ(၃)ဦးမှာ မြေသားပိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး မကြိုင်နှင့်ဇော်မင်းတို့(၂)ဦးမှာ ၀ဲခြေထောက်တွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်းတွေ့ရှိ ရသောကြောင့် တောင်ညိုနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ