ကော့ကရိတ်၌ ၁၂ ဘီးကားတိုက်၍ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဘာအံမြို့မှမြ၀တီသို့ထွက်ခွာလာသော ယာဉ်မောင်းလှမြင့် (အသက်၊ လိပ်စာ၊ စုံစမ်းဆဲ) မောင်းနှင်လာသော ၁၂ ဘီးယာဉ် ၉ခ/------သည်ဇန်န၀ါရီ ၁၂ ရက် ညနေ ၅ နာရီ ခန့်က ကော့ကရိတ်မြို့နယ် အောင်မင်္ဂလာလမ်းအရောက်တွင် ပြည့်စုံလမ်းမှ

ထွက်လာသော ဆိုင်ကယ်ကိုရှောင်ရာ ဆိုင်ကယ်နောက်မှ စီးလာသောဒေါ်လုံးတင်အား နောက်ဘီးဖြင့် ချိတ်မိသဖြင့် ၀ဲခြေကျိုး၊ ယာဒူးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ မျက်နှာချင်းဆိုင်မှလာသော ငွေရ (၂၃) နှစ်နှင့် ဖိုးသာထူး (၃၂) နှစ်တို့ စီးနင်းလာသောဆိုင်ကယ်ကို ၀ဲဘက်ယာဉ်ကြောသို့ ၀င်ရောက်တိုက်မိသဖြင့် ၁၂ ဘီးယာဉ် ဘန်ဘာချိုင့်၊ ရှေ့မီးကွဲ ပြီး ဆိုင်ကယ်နှင့်လူနှစ်ဦးမှာ ကားနောက်ဝဲဘက် ဘီးလေးဘီးကြားတွင် ကြိတ်မိ၊ ညပ်မိပြီးနေရာတွင် သေဆုံးခဲ့သည်။

ယာဉ်မောင်း လှမြင့်နှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

Credit To : Thit Htoo Lwin blog

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ