အမေရိကန်က ပြည်နယ်တစ်ခုမှာ ဆေးခြောက် တရားဝင်ရောင်းချသုံးစွဲ ခွင့်ပြု

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းကက Colorado ပြည်နယ် မှာ ဆေးခြောက်ကို တရားဝင် ရောင်းချခွင့်၊ ဝယ်ယူ သုံးစွဲခွင့် ပေး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

မကြာသေးပါဘူး။ Coloarado ပြည်နယ်အပြင် အခြားသော ပြည်နယ် အချို့ မှာပါ ဆက်လက်ခွင့်ပြုသွားဖို့ ရှိကြောင်း ဆိုပါတယ်။ ဆေးခြာက်ကို အသက် ၂၁ နှစ်ပြည့်ပြီးသူများ ဝယ်ယူနိုင်ပြီး တစ်ခါဝယ်ရင် ၂၈ ဂရမ်ထက် ပိုဝယ် လို့တော့ မရ ပါဘူး။ ဆိုင်ပေါင်း သုံးရာကျော်က လိုင်စင်ယူပြီး စတင် ရောင်း ချနေပြီ ဖြစ်ပ်ါတယ်။ ဆေးခြောက်ကို ကျန်းမာရေးအတွက်တင် မက အပန်းဖြေမှုဆိုင်ရာ အသုံးပြုခြင်းအတွက် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတာကလည်း လူငယ်တွေကြား က ဆေးခြောက်ပြဿနာ ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက် နည်းဗျူဟာ သစ်တစ်ခု အသုံးပြုခြင်း ဖြစ်ပါတယ်။ ဆေးအာနိသင်နဲ့ ပက်သက်လို့ လည်းသေချာ ထိန်းချုပ်ပြီး အကန့်အသတ်နဲ့ ရောင်း ချပါတယ်။ ရောင်းချ မှုတိုင်းအပေါ်ကို လည်း အခွန်သတ်မှတ်ထားပြီး စီးပွားရေး တိုးတက်လာစေသလို၊ တရားမဝင် ဆေးခြောက် ရောင်းဝယ် သုံးစွဲတဲ့ လောကကို နှိမ်နှင်းရန်လည်း ပါဝင်ကြောင်း သိရ ပါတယ်။

Ref: yahoo
www.innewsmyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ