ကင်ညာနိုင်ငံတွင်ဆရာဝန်၏လူသေ အသက်ရှင်

ကင်ညာနိုင်ငံ၏ ဆေးရုံတစ်ရုံတွင် သေဆုံးသွားပြီဟု ကြေညာထားသည့် လူတစ်ယောက်သည် ရင်ခွဲရုံ၌ နောက်နေ့တွင် အသက်ရှင်နိုးထလာခဲ့ရာ မည်ကဲ့သို့ဖြစ်ပျက် သည်ကို အာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးပြီဖြစ် ကြောင်း သောကြာနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

နာအီဗာရှာဆေးရုံတွင် လူသေအလောင်းသည် လှုပ်ရှား ကာ အသက်ရှူနေခြင်းကို မြင်တွေ့ရသဖြင့် အအေးတိုက် အလုပ်သမားများသည် အထိတ်တလန့်ထွက်ပြေးကြသည်။

ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးစားသော ၎င်းအမျိုးသားကို သောကြာနေ့ည၌ သေဆုံး ပြီဟု ကြေညာခဲ့သည်။
၎င်းကိုကုသရာတွင် အသုံးပြုခဲ့သောဆေးသည် နှလုံး ခုန်ခြင်းကို နှေးကွေးစေသဖြင့် မှားယွင်းသွားခြင်းဖြစ်နိုင်ပါ သည်ဟု တာဝန်ရှိဆရာဝန်ကပြောကြားသည်။

ဆေးကြောင့်ဆရာဝန်ကစမ်းသပ်ရာမှာ ရောထွေးသွား ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အလောင်းကိုဆေးရည် မစိမ်မီ အသက်ကယ်တင်နိုင်ခဲ့ကြောင်း နာအီဗာဇာခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဂျိုးဇက်အမ်ဘူရူက ပြောကြားသည် ဟု ကင်ညာစတင်းဒတ်သတင်းစာက ကိုးကားဖော်ပြသည်။

၎င်း၏ဖခင်နှင့်ဆွေမျိုးများသည် ကြာသပတေးနေ့ နံနက်ခင်းတွင် ၎င်း၏အလောင်းကိုလာရောက်ကြည့်ရှုကြပြီး နောက် သင်္ဂြိုဟ်ရေးကိစ္စစီစဉ်ရန်အတွက် အိမ်ပြန်သွား ခဲ့ကြသည်။
ညနေပိုင်း၌ သူအသက်ပြန်ရှင်လာကြောင်း သိလိုက်ရ သည့်အခါ တုန်လှုပ်ချောက်ချားသွားပါသည်ဟု ၎င်း၏ဖခင်က ပြောကြားသည်။

BBC
ပြည်မြန်မာ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ