ရင့်ကျက် မှုတွေ တည်ငြိမ်မှု တွေနဲ့ ဘဝကို ထူထောင် ရမယ် အေးမြတ်သူ


အသက်ရ လာတဲ့ အခါမှာ သိ လာတာတွေ က အများ ကြီးပဲ။ ပြော ပြလို့ကုန် မှာတောင် မဟုတ်ဘူး။ ရှင်း ပြလည်း စာအုပ် တစ်အုပ်စာ အထူ ကြီးပဲဖြစ် လိမ့်မယ်။ အသက်ကြီးလာ ရင် အရာရာကို အကောင်း မြင်တတ် လာတယ်။ အရာရာကို စဉ်းစား တွေး ခေါ်တတ်လာ တယ်။ တစ်ဖက် လူကို ပါ ကိုယ်ချင်းစာ တရားပေး တတ်လာ တယ်။ အရင်က ကိုယ့်ဘက် အမြင် ပဲကိုယ်ကြည့် တယ်။

အသက် (၂၃၊ ၂၄) နှစ် ရောက် လာတော့ တစ်ဖက် သူကိုပြန် ပြီးနား လည်ပေး တတ်လာ တယ် အကောင်း မြင်လာ တယ်။ အဲဒီ တော့ အလုပ်မှာ ပိုပြီး အဆင် ပြေလာ တယ်။ အလုပ်ကို ပိုပြီးတော့ အလေးအနက် ထားလာတယ်။ ဘဝ ဆိုတာကို သိလာတယ်။ အလှတွေ ထက်စာရင် ဘဝက ဘဝပဲ။ ဘဝဆို တာရင့် ကျက်မှု ဆိုတာရှိတယ်။ ဘဝ ထဲမှာအလှက ပါပေမယ့် အရင်ကလို ၁၀ဝ ရာခိုင်နှုန်း လောက်တော့ အရေးမကြီး တော့ဘူး။ ဘဝမှာရင့် ကျက်မှုတွေ၊ တည်ငြိမ်မှု တွေနဲ့ ဘဝ ဆိုတာကို ထူထောင် ရမယ်။ ဘဝကို အလှနဲ့ထူ ထောင်လို့ မရဘူး။ အလှ ဆိုတာ ကြာလာရင် ယိုယွင်း ပျက်စီး လာတာတွေ ရှိတယ်။ အသက်တွေ ရွေ့ရင်း အ ချိန်တွေ အများကြီးရွေ့ နေရင်းပဲ ကိုယ့်ကိုယ် ကိုယ်ပြင်ဆင် နေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြုပြင် ပြောင်းလဲနေတယ်။ အကောင်းကြီး တော့ မဟုတ်ပါဘူး။ လူဆိုတာ အ ကောင်းကြီးမဖြစ်နိုင်ဘူး အဆိုးဆုံး မဖြစ်အောင်တော့နေတယ်။ အချိန် ပြောင်းသရွေ့ကိုယ့်ကိုယ်ကိုယ်ပြုပြင် ချင်သေးတယ်။ အကုန်လုံးပြောင်း ဖို့မဖြစ်နိုင်သေးဘူး။ လူဆိုတာ အတ္တရှိသေးတယ်။ လောဘရှိသေး တယ်။ ဘယ်လိုပဲ သူများဘက်စဉ်း စားပေးတယ်ပြောပြော ငါ့ပစ္စည်း၊ ငါ့အလုပ်ဆိုတဲ့ စိတ်လေးတော့ရှိ သေးတယ်။ အဲဒါတွေရှိမှလည်း လူ ဆိုတာတိုးတက်တယ်။

8 Days Celebrities

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ