ဒါရိုက်တာညိုမင်းလွင်ရိုက်ကူး နေတဲ့ ‘ချောကလတ်ထဲတွင်အချစ်ဆယ်
ရာခိုင်နှုန်းပါဝင်သည်’ ဆိုတဲ့ဇာတ်ကား ကို မေကဗျာက ဖြိုးငွေစိုးနဲ့အတူ ပါ
ဝင်သရုပ်ဆောင်နေပါ တယ်။ ဒီဇာတ် ကားထဲမှာမေကဗျာကအလုပ်လုပ်နေ တဲ့ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
အနုပညာအလုပ်လုပ်တဲ့အခါ မှာတော့ ဘယ်အချိန်၊ ဘယ်နှစ်ရယ် လို့ ကန့်သတ်ပြီး
ကြိုးစားတာမျိုး မဟုတ်ဘဲ နှစ်တိုင်းနှစ်တိုင်းမှာ ပိုပြီး
သရုပ်ဆောင်ပီပြင်အောင်ကြိုး စားဖြစ် ပါတယ်လို့မေကဗျာကပြောပါတယ်။
“လူဆိုတာတော့ ကိုယ့်ကိုယ် ကိုယ်အမြဲကျေနပ်အားရနေတာ တော့ မရှိပါဘူး။
ဒီတစ်နေရာရောက် ရင် ဒီထက်ကောင်းတဲ့မြင့်တဲ့ နေရာ ကိုတော့
လိုချင်ကြတာချည်းပါပဲ။ ဒီ တော့ ပြည့်စုံတယ်ဆိုတာတော့မရှိပါ ဘူး။
အမြဲတမ်းတော့အကောင်းဆုံး ဖြစ်အောင်လုပ်ချင်တယ်။ဒါပေမဲ့ အနု ပညာဆိုတာက
ကံနဲ့လည်းဆိုင်တယ်။ ကိုယ်ကလုပ်ချင်ေ နပေမယ့်လည်း ကိုယ့်
မှာကအခွင့်အရေးရှိဦးမှလေ။ ကဗျာ ကတော့နှစ်တိုင်းနှစ်တိုင်းမှာ အကောင်း
ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့မေကဗျာက ပြောပါတယ်။
အနုပညာအလုပ်ကို အသက် အရွယ်စုံအပိုင်းအခြားပေါ်မူတည် ပြီး
လုပ်သင့်လုပ်ထိုက်သလောက်ထိ တော့ အနုပညာအလုပ်တွေကို ဆက်
ပြီးလုပ်သွားမှာပါလို့ မေကဗျာ က ပြော ပါတယ်။ “ငယ်ငယ်တုန်းကတော့ ကိုယ်
ဘာလုပ်မယ်ဆိုတာကို စဉ်းစားထားတာလေးတွေရှိတယ်။ ဒါပေမဲ့ ကိုယ် ဖြစ်ချင်တာတွေက
ဖြစ်လာတာမျိုး တွေ ရှိသ လို၊မဖြစ်လာတာ မျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့
ကဗျာဒီအလုပ်ကိုတော့တအားအသက် ကြီးတဲ့အထိတော့ လုပ်ဖို့ စိတ်ကူးမရှိပါဘူး။
ကဗျာအသက်အရွယ် အပိုင်းအခြား လုပ် သင့်လုပ်ထိုက်တဲ့ အချိန်ထိတော့ လုပ်
သွားမယ်။ပြီးတော့ ကဗျာစီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ စီးပွား
ရေးလုပ်ဖြစ်ရင်တော့ အနုပညာ အလုပ်ကို မလုပ်ဖြစ်တော့ ဘူး။ အချိန်အတို င်းတာတ
စ်ခုထိပဲ လုပ်ဖြစ်သွားမှာပါ” လို့ ပြော ပါတယ်။မေကဗျာက အနုပညာအလုပ် လုပ်နေ
တဲ့ အချိန်မှာ ပရိ သတ်ကို ရသမျိုး စုံနဲ့တင်ဆက်ရိုက်ကူး ပြ
ချင်ပြီးပေးလာတဲ့ အခွင့်အရေးပေါ် မှာကြိုးစားသွား မှာပါလို့ပြော ပါ တယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းမင်း ထွန်း
Popular Journal
စီးပွားရေးလုပ်ဖြစ်ရင်တော့ အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ ဘူးလို့ဆိုသူ မေကဗျာ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin