မန္တလေး-ပြင်ဦးလွင်ကားလမ်း၌ ယာဉ်တိုက်မှုဖြစ်

နေပြည်တော်၊ ဇန်န၀ါရီ ၁၄

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးလမ်း၊ မိုင်တိုင်အမှတ်(၂၅/၁-၂)ကြား၊ အဆင်းလမ်း၌ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသဖြင့် ယာဉ်ကြောပိတ်မိနေသည့်ကားများမှာ နောက်သို့ပြန်လှည့်ပြီး မန္တလေး-ပြင်ဦးလွင်အတက်ကားလမ်းအား အတက်အဆင်း နှစ်လမ်းမောင်းအဖြစ် အသုံးပြုရန်အတွက် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာနေ မြတ်ကို(၄၇)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် တောင်ကြီးမြို့နယ်၊ ပင်ပြစ်ရွာနေ ထွန်းထွန်းဝင်း(၂၃)နှစ်လိုက်ပါလာသည့် ၈စ/xxxx ကန်တာ(၆)ဘီးယာဉ်မှ ပြန်ကွေ့မောင်းနှင်စဉ် နောက်သို့ပြန်လိမ့်ကျခဲ့သည်။

ထိုသို့လိမ့်ကျရာ နောက်တွင်ရှိနေသည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်နေ စိုးသူကျော်(၂၇)နှစ်မောင်းနှင်သော 1G/xxxx Crown အဖြူရောင်ယာဉ်၊ ရွှေစာရံကျေးရွာနေ မအေးအေးခိုင်(၄၂)နှစ်နှင့် မနွယ်နွယ်မူ(၂၈)နှစ်တို့စီးနင်းလာသည့် ၁၃ယ/xxxx ကန်ဘို ၁၂၅ ဆိုင်ကယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရွာနေ စိုးရွှေ(၃၇)နှစ်မောင်းနှင်သည့် 8G/xxxx လိုက်ထရပ်ခဲရောင်ယာဉ်တို့အား တိုက်မိသဖြင့် မအေးအေးခိုင်တွင် နှာခေါင်းသွေးထွက်၊ ၀ဲ/ယာခြေသလုံးရိုးကျိုး၊ မျက်ခုံးကွဲဒဏ်ရာ၊ မနွယ်နွယ်မူတွင် နား/နှာခေါင်းသွေးထွက်၊ နဖူးကွဲဒဏ်ရာများရရှိခဲ့သောကြောင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကာ မြတ်ကိုအား ပြင်စာရဲကင်းရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားစဉ် မအေးအေးခိုင်မှာ ရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် ပြောင်းလဲအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ