ကွမ်းယာသည်နှင့် အသုတ်သည် စကားများရန်ဖြစ်ရာမှ လူသေမှုဖြစ်ပွား

နေပြည်တော်၊ ဇန်န၀ါရီ ၉

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ည ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူမြို့နယ်နေ မအိအိဝင်း(၁၈)နှစ်သည် သီဟိုဋ်ရှင်ဘုရားကြီးမြောက်ဘက်အနီး၌ ကွမ်းယာရောင်းနေစဉ် ဆိုင်နီးချင်းခေါက်ဆွဲသုပ်ဆိုင်မှ မသင်းမြမြထွန်းကျော်(ခ)သော်သော်(၂၀)နှစ်နှင့် မခင်ဝေရီထွန်းကျော်(၂၄)နှစ် တို့ရောက်လာပြီး “ဒီကောင်မ ယောင်္ကျားတွေကို မြူဆွယ်ပြီးရောင်းနေတာ” ဟု စောင်းမြောင်းပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုကြောင်း ကွမ်းယာဆိုင်မျက်စောင်းထိုးရှိ အသုပ်ရောင်းနေသည့် အဒေါ်ဖြစ်သူ ဒေါ်ကြည်ကြည်မြင့်(ခ)မကြီးမ(၅၀)နှစ်အားပြောပြရာ ဒေါ်ကြည်ကြည်မြင့်(ခ)မကြီးမနှင့် အဖွားဖြစ်သူ ဒေါ်မြင့်တို့လိုက်ပါလာကာ မသင်းမြမြထွန်းကျော်၊ မခင်ဝေရီထွန်းကျော်တို့နှင့် စကားများရန်ဖြစ်စဉ် ဒေါ်ကြည်ကြည်မြင့်မှ အနီးရှိဟင်းဆိုင်မှသစ်သားခြစ်နှင့်ရိုက်သဖြင့် မသင်းမြမြထွန်းကျော်၏ မျက်နှာအား ရိုက်မိခဲ့သည်။

ထို့နောက် မခင်ဝေရီထွန်းကျော်မှ မသင်းမြမြထွန်းကျော်အား “အညံ့မခံနဲ့ ပြန်သတ်” ဟုပြောသဖြင့် မသင်းမြမြထွန်းကျော်မှ ဒေါ်ကြည်ကြည်မြင့်၏ဆံပင်အားဆွဲပြီး ခြေထောက်နှင့် ကန်သောကြောင့် ဒေါ်ကြည်ကြည်မြင့်မှာ ကတ်္တရာလမ်းပေါ်သို့လဲကျသွားခဲ့သည်။

ထိုသို့လဲကျသွားပြီး အသက်ရှုကြပ်ကြောင်းပြော၍ “စေတနာ” ဆေးခန်းသို့ပို့ခဲ့ရာ ဆေးခန်းရောက်ပြီး(၁၅)မိနစ်ခန့်အကြာတွင် ပါးစပ်မှအမြှုပ်များထွက်ကာသေဆုံးသွားသောကြောင့် မသင်းမြမြထွန်းကျော်နှင့် မခင်ဝေရီထွန်းကျော်တို့ (၂)ဦးအား ပခုက်္ကူမြို့မရဲစခန်း(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ