အရက်မူးနေသောခင်ပွန်းက ဇနီး၏လည်ပင်းအားဓါးဖြင့်လှီး

နေပြည်တော်၊ ဇန်န၀ါရီ ၉

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ ဆယ်ပင်စုကျေးရွာနေ ဦးအေးလွင်(၄၇)နှစ်သည် နေအိမ်တွင်အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ တူတော်စပ်သူ ခိုင်လင်းအောင်ရောက်ရှိလာပြီး ၎င်း၏ဖခင် ဦးညွန့်ဝေ(၄၅)နှစ်မှ အရက်မူးပြီး မိခင်ဖြစ်သူ ဒေါ်ခင်မော်(၄၀)နှစ်၏လည်ပင်းအား အရိုးအသွား ၁၅ လက်မခန့်၊ ဗျက် ၂ လက်မခန့်ရှိဓါးနှင့်လှီးသဖြင့် သွေးများထွက်နေကြောင်း လာရောက်အကြောင်းကြားခဲ့သည်။ ထိုသို့အကြောင်းကြားချက်အရ လိုက်လံ ကြည့်ရှုစစ်ဆေးရာ ဒေါ်ခင်မော်အား လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ညွန့်ဝေအား ကမ္မနယ်မြေရဲစခန်း(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ