ရေနစ်နေသူအား ဆင်း၍ဆယ်ယူစဉ် ကယ်ဆယ်သူရေနစ်သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၉

၉.၁.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊
ဝေဘာဂီနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊
သဇင်လမ်းနှင့် ပတ္တမြားလမ်းထောင့်ရှိ အကျယ်ပေ(၂၀၀) ပတ်လည်၊ အနက်(၇)
ပေခန့်ရှိသော ရေကန်အတွင်း၌ လူတစ်ဦး
ရေနစ်သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ ဦးဌေးအောင်(ဘ)ဦးမြင့်သိန်း၊မင်္ဂလာဒုံမြို့နယ်နေသူဖြစ်ပြီး
 ၎င်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ ရေနစ်သည့်လက္ခဏာဖြင့်
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ သေဆုံးသူဦးဌေးအောင်၏သား
မောင်ရဲဝင်းအောင်နှင့် မောင်သက်နိုင်ဦးတို့(၂)ဦးသည် ကန်ဘောင်တွင်
အရက်အတူသောက်ကြပြီး ၁၂၀၀အချိန်ခန့်တွင် ရေကန်အတွင်းဆင်း၍
ရေကူးပြိုင်ကြစဉ် မောင်သက်နိုင်ဦးမှာရေနစ်နေသဖြင့် သေဆုံးသူသည်
ရေမကူးတတ်ဘဲဆင်း၍ဆယ်ယူရာမှ ရေနစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊
မောင်သက်နိုင်ဦးအား အနီးပတ်ဝန်းကျင်ရှိလူများမှဆယ်ယူနိုင်ခဲ့သဖြင့်
သေဆုံးခဲ့ခြင်းမရှိကြောင်းသိရှိရပါသည်။

၎င်းဦးဌေးအောင် ရေနစ်သေဆုံးမှုအား ဝေဘာဂီနယ်မြေရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၄) ဖြင့် ရေးဖွင့်ကာစစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ