နန်းခင်ဇေယျာ သွေးလှူတာလေးကို သာဓုခေါ်ပေးကြအုံးနော်

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နန်းခင် နှုတ်ခွန်းဆက်ပါတယ်။ ယနေ့ (၁၂.၁.၂၀၁၄) နံနက် တွင် မေတ္တာရှင်ဖောင်ဒေးရှင်း၏ ပဓာနနာယကချုပ်ဆရာတော် ဘုန်းဘုန်း အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ဦးဆောင်သော ဒါနဥပပါရမီစုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှာ ပြုလုပ်ခဲ့ပါတယ်။ ရောဂါဝေဒနာခံစားနေရပြီး သွေးလိုအပ်လျှက်ရှိသော ခုနှစ်ရက်သားသမီး ဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးသွင်းကုသမှုပြုလုပ်နိုင်ရန် စေတနာရှင် သွေးအလှူရှင်များနှင့်အတူ နန်းခင် လည်း ပါဝင်ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။

နန်းခင် ကိုယ်ထဲမှ သန့်ရှင်းသောသွေးတစ်စက်သည် လူနာအတွက်အသက်ဆက်နိုင်စေရန် ဒါနဥပပါရမီအဖြစ် ရည်စူး၍ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တောအနန္တ ၅ပါး ဦးထိပ်ပန်ဆင်ပြီး မေတ္တာရှေ့ထား လှူဒါန်းခဲ့ပါတယ်ရှင်။ ၂၀၁၄ နှစ်သစ်မှာ နှစ်ဦးဒါနအဖြစ် သွေးလှူဒါန်းခဲ့ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ သွေးလှူဒါန်းပွဲဖြစ်မြောက်အောင် ဦးစီးဦးဆောင်ပြုခဲ့ပါသော ဘုန်းဘုန်း အရှင်ဇဝန ကို လက်ဆယ်ဖြာထိပ်မှာမိုး ရှိခိုးကန်တော့ပါတယ်။

သွေးလှူဒါန်းပွဲမှာ အစစအရာရာ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးခဲ့ကြသော ကျန်းမာရေးဝန်ထမ်း ဆရာဝန် ၊ ဆရာ ဆရာမများ၊ သွေးလှူဒါန်းခဲ့ကြသော အလှူရှင်မိဘညီအစ်ကိုမောင်နှမများ အားလုံးကို နန်းခင် ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားပါရစေ။ ဒီနေ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုကို မိဘပြည်သူများလည်းထပ်တူထပ်မျှရရှိကြစေရန် အလို့ငှါ ရည်သန်၍ တင်ပြပေးလိုက်ပါတယ်။ နောက်ထပ်နောက်ထပ် လှူဒါန်းနိုင်အောင်လည်း ကြိုးစားသွားပါ့မယ်။

နန်းခင်ဇေယျာ (ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု သာဓု သာဓု)

ကြေးမုံသတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ