ငုံးဖောက်စက်ဝင်ရိုးတွင် ဦးထုပ်ကြိုး ရစ်ပတ်ပါသွား ခဲ့သဖြင့် လည်ပင်းအား ညှစ်မိကာ သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၂၂

၂၂.၁.၂၀၁၄ ရက်နေ့ ၁၀၄၅အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းမှူးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွှေနံ့သာစံပြကျေးရွာတွင် အမျိုးသမီးတစ်ဦး ငုံးဖေါက်စက်နှင့် ဦးထုပ်ကြိုးတို့  ငြိကာလည်ပင်းအား ရစ်ပတ်မိပြီး သေဆုံးသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငုံးဖေါက်စက်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးစန်းဖြစ်ပြီး ၎င်းတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာဖြင့်လျှာထွက် လျက်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ငုံးဖေါက်စက်မော်တာ လည်ပတ်နေချိန် ငုံးဖောက်စက်အတွင်းသို့ဝင်ရောက်ခဲ့စဉ် ဦးခေါင်း၌ဆောင်းထားသော နီညိုရောင်သိုးမွှေးဦးထုပ်၏ အရှည်(၃)ပေခွဲခန့်ရှိ မေးသိုင်းကြိုးမှာ ယင်းစက်၏ရှပ်တန်းဝင်ရိုးအစွန်းတွင် ရစ်ပတ်ကာပါသွားသဖြင့် လည်ပင်းအားညှစ်မိပြီး သေဆုံးခဲ့ခြင်း  ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးရခြင်းနှင့် ပတ်သက်၍ ထောက်ကြန့်နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ