အကျဉ်းထောင်မှ ထွက်ပြေးလာသူ တစ်ဦး လမ်းဘေးတွင်အိပ်ပျော်နေစဉ် ကားကြိတ်ခံရ၍ သေဆုံး

လှည်းကူး ဇန်နဝါရီ ၆

လှည်းကူးမြို့နယ် ဖောင်ကြီး ကားလမ်းအတိုင်း ယခုလ ၃ ရက် နံနက် ၅နာရီခွဲတွင် ယာဉ်မောင်း(စုံ စမ်းဆဲ)မောင်းနှင်လာသည့် အမည် အမျိုးအစားမသိယာဉ်သည် လမ်း ယာဘက်တွင်အိပ်ပျော်နေသူ တစ် ဦးကိုကြိတ်မိခဲ့သဖြင့် ဦးခေါင်း ကြေမွဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သတင်းအရ အမှတ်(၅ဝ) ယာဉ် ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ်ခိုင်ဝင်းကို ကိုနှင့်အဖွဲ့က သွားရောက်စစ်ဆေး ခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူ အနီး ချုံထဲတွင်အိပ်နေသည့် ရန် နောင်စိုးသွင် (၃၄နှစ်)ကို မေးမြန်း ခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နေ သန်းဆွေ(ခ) သန်းဝင်း(၄၃နှစ်)ဖြစ်ကြောင်း၊ ၄င်း မှာ
လှေလှော်အင်းအကျဉ်းဦးစီး တွင်ပြစ်ဒဏ်ကျခံနေသူဖြစ်ကြောင်း ဆိုသည်။

ရန်နောင်စိုးသွင်မှာ ပြစ် မှုပုဒ်မ ၃ဝ၄(က) အရ မှော်ဘီ တရားရုံးက ထောင်ဒဏ်ငါးနှစ် ကျခံရသူဖြစ်ပြီး ယခုလ ၃ ရက် တွင် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်း သာခွင့်ဖြင့်လွတ်မြောက်မည် ဖြစ်ကြောင်း၊ သေဆုံးသူသန်းဆွေမှာ လောင်းကစားပုဒ်မဖြင့်ထောင်ဒဏ် တစ်နှစ်ခြောက်လကျခံရသူဖြစ်ပြီး တစ်နှစ်တစ်လ ကျခံပြီးကြောင်း သိရသည်။ ယခုလ ၂ ရက် ည ၁၁ နာရီတွင် အကျဉ်းစခန်းမှ ထွက်ပြေးခဲ့ပြီးကားလမ်းဘေးတွင် အိပ်ခဲ့စဉ် သန်းဆွေမှာကားကြိတ် ခံရပြီး သေဆုံးခဲ့ကြောင်းဆိုသည်။ လှည်းကူးမြို့မရဲစခန်းက ယာဉ်(ပ) ၁/၁၄ ပြစ်မှုပုဒ်မ ၃ဝ၄(က)/၂ဝ၂ အရ ယာဉ်မောင်း(စုံစမ်းဆဲ)ကို အမှုဖွင့်အရေးယူထားပြီး အကျဉ်း စခန်းမှ ထွက်ပြေးခဲ့သူနှစ်ဦးကို ပြစ်မှုပုဒ်မ (၂၂၄)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်းထက်
The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ