သွန်းဆက် - သူလည်းချစ် ကိုယ်လည်းချစ်မှ အိမ်ထောင်ရေးက ရေရှည်တည်မြဲမယ်ထင်တယ်

သည်းခံနားလည်ပေးမယ့် သူမူမျိုးကို ရည်းစားထားမယ်

မြင်မြင်ချင်းကြိုက်တာမျိုးတော့ ရှိခဲ့တယ်။ အပြင်က လူတွေတော့ မဟုတ်ဘူး။ ကိုရီးယားမင်းသားကို မြင်မြင်ချင်းအရမ်း အရမ်းကိုကြိုက်
သွားခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်တုန်းကတော့ ကိုယ့်ကိုနားလည် ပေးမယ့်သူကို လိုချင်ခဲ့တယ်။ သွန်းဆက်က အရမ်းဆိုးတော့ ကိုယ့်ကိုသည်းခံနားလည်ပေးမယ့်သူကိုလို ချင်ခဲ့မိတယ်။ အဲဒီလိုလူမျိုးကိုတွေ့ရင်တော့ ရည်းစားထားမယ်လို့ စဉ်းစားခဲ့ဖူးတယ်။

လက်ရှိမှာမိဘအချစ်ပ်ပဲရှိတိတယ်

လက်ရှိမှာတွေ့ကြုံနေရတဲ့အချစ်ကအေးဆေးပါပဲ။ သွန်းဆက်က အနုပညာအလုပ်တွေကိုလည်း လုပ်တယ်။ လက်ရှိမှာတော့ တွေ့ကြုံနေ
ရတာ မိဘတွေရဲ့အချစ်ပဲရှိပါတယ်။ အရင်ကတော့ ရည်းစားထားခဲ့ဖူး တယ်။ အခုကတော့ မိဘအချစ် ၅၂၈ ပဲရှိတော့ အေးအေးဆေးဆေးနဲ့
အေးအေးမြမြလေးပါပဲ။

ရည်းစားထားခဲ့ဖူးတယ်

သွန်းဆက်အရင်က ရည်းစားထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူက ပေးဆပ်တာမျိုး၊ ကိုယ်ကပေးဆပ် တာမျိုးမရှိဘူး၊ သွန်းဆက်က အစ
ကတည်းက ကိုယ့်ကိုသည်းခံနား လည်ပေးတဲ့သူမျိုးကိုပဲလိုချင်ခဲ့တာလေ။ ကိုယ့်ကိုနားမလည်ပေးဘူး။ သည်းခံမပေးဘူးဆို ကြာတော့
ပြဿနာတက်ပြီး လမ်းခွဲလိုက်ရတယ်။

ကိုယ်ကစကြိုက်ခဲ့တဲ့ သူမူမျိုးမရှိခဲ့ဘူးး

သွန်းဆက်ကို တစ်ဖက်သတ် ချစ်ကြတာမျိုးရှိကြတယ်လို့ထင်ပါ တယ်။ ဒါပေမဲ့ အခုချိန်မှာရည်းစားမထားချင်သေးတာကြောင့် သူတို့ကို
တော့ ဘာမှတော့မပြောဘူး။ သွန်းဆက်အခုချိန်မှာ ရည်းစားမထားချင် သေးဘူးလို့ပဲ ပြောထားပါတယ်။ ငယ်ငယ်ကတည်းက သွန်းဆက်ကို
ကြိုက်ခဲ့တဲ့သူပဲရှိတယ်။ ကိုယ့်ကိုယ် ကိုယ် ကိုယ်ရည်သွေးပြီးပြောတာမ ဟုတ်ပေမယ့် အခုချိန်ထိ သွန်းဆက် က စကြိုက်ခဲ့တဲ့ သူမျိုးမရှိခဲ့ဘူး။

အပျြိုကီးဖြစ်ရရင် မကောင်းဘူးလို့ ပြောကြတယ်

အခုချိန်ထိအချစ်ကသွန်းဆက်ဘ၀မှာ အရေးမပါသေးဘူး။ တစ်ချိန်ချိန်မှာတော့ အရေးပါမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လောကမှာ
အပျိုကြီးဖြစ်တာ မကောင်းဘူးလို့ တချို့ကပြောကြ တယ်။ အဲဒါကြောင့် အချစ်ကတစ် ချိန်ချိန်မှာ တစ်စိတ်တစ်ဒေသအနေ နဲ့
အရေးပါမယ်လို့ထင်တယ်။ အရမ်းကြီး ရူးသွပ်တဲ့အချစ်မျိုး မကြုံ ချင်သေးဘူး။ သွန်းဆက်က မိဘ တွေကိုပိုချစ်တယ်။

အချစ်နဲ့ အိမိမ်ေ်ထောင်ပြုခြင်းက တိုကုက်ရိုက်အချိုးကျတယ်

အချစ်နဲ့ အိမ်ထောင်ပြုတာ တိုက်ရိုက်ကျတယ်လို့ထင်တယ်။ တချို့က မချစ်ဘဲလက်ထပ်ပြီးမှ ကွာရှင်းတာမျိုး သွန်းဆက်သူငယ်ချင်း
တွေမှာလည်း ကြုံဖူးတယ်။ ကိုယ်လည်းချစ်မှ သူလည်းချစ်မှ အိမ်ထောင်ရေးက ရေရှည်တည်မြဲပြီး အသက်တွေကြီးတဲ့အထိ မြဲမယ်လို့ ထင်တယ်။

ငွေကြေးက အိမ်ထောင်ရေး တည်မြဲဖို့ တစ်စ်စိတိတ်တ်တစ်ေ်ဒေသလို အပ်မယ်ထင်တယ်

အိမ်ထောင်တစ်ခုတည်မြဲဖို့ အတွက် အဓိကနားလည်မှုလို့ပဲထင် တယ်။ အများကြီးတော့မပြောတတ်ဘူး။ အိမ်ထောင်တစ်ခုမှာ ငွေကြေး
ကအရေးကြီးတယ်လို့ထင်တယ်။ တချို့က ငွေကြေးမရှိလို့လည်းရ တယ်လို့တော့ ပြောကြတယ်။ ပိုက် ဆံမရှိရင် တချို့အိမ်ထောင်ရေးက
မသာယာတာမျိုးလည်းရှိတာပဲ။ ငွေကြေးပြည့်စုံမှလည်း အိမ်ထောင် ရေးက တစ်စိတ်တစ်ဒေသတည်မြဲ မယ်လို့ထင်တယ်။

မိသားစုနဲ့အဆင်ပြေရင် အိမ်ထောင်ြပုမယ်

လင်နဲ့မယား လျှာနဲ့သွား ဆိုတာ သွန်းဆက်က စကားပုံပဲကြား ဖူးတာပါ။ သွန်းဆက်ကအနုပညာ အလုပ်လုပ်တာကြောင့် ကိုယ့်အ
ပေါ်သည်းခံ၊ နားလည်၊ ခွင့်လွှတ်ပေး နိုင်တဲ့သူမျိုးကိုပဲ လက်ထပ်မှာပါ။ သွန်းဆက်က မိသားစုကိုလည်းအ ရမ်းချစ်တော့ ကိုယ့်မိသားစုနဲ့အဆင်
ပြေမယ့်သူကိုပဲ အိမ်ထောင်ပြုမှာပါ။

အိမ်ထောင်မပြုခင်မှာ
အိမ်ထောင်ပြုလိုက်ပြီဆို အိမ် ထောင်မကွဲတာက ကောင်းမယ်လို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ် ယောက်မယူခင်ကတည်းက နား
လည်မှုလေးနဲ့ ညှိညှိနှိုင်းနှိုင်းလေး လုပ်ရင် ကောင်းပါတယ်။ အဲဒါမှ အိမ်ထောင်ရေးသာယာမှာပါ။

ကလောင် - ကျော်မျိုးနိုင်
8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ