၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင်
ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၆၃/၂-၃)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ
အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊
ဓနသိဒ္ဓိ ရပ်ကွက်နေ သန်းထွန်းဦး(၄၂)နှစ်မောင်းနှင်လာသော ၉င/xxxx
ဟိုက်အေ့ခဲရောင်ယာဉ်သည် ၀ဲဘက် ရှေ့ဘီးပေါက်ပြီး
အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘယ်ရီယာတုံးများအားဝင်ရောက်တိုက်မိကာ
လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်နေကြောင်းတွေ့ရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ
ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ခါးကျိုး၊ ကိုယ်ထည်ရှေ့/နောက်ပျက်စီး၊
ရှေ့/နောက်တံခါးများပျက်စီး၊
တန်ဘိုးငွေကျပ်သိန်း(၆၀)ခန့်ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ သန်းထွန်းဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin