စဥ့်ကိုင်မြို့နယ်ရှိ YH ဖော့ပုံးစက်ရုံ မီးလောင်မှုဖြစ်ပွား

စဥ့်ကိုင်၊ ဒီဇင်ဘာလ (၁၉)

မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာ၊ ကွင်းအမှတ်(၂၆)ရှိ YH ဖော့ပုံးစက်ရုံတွင် ဒီဇင်ဘာလ (၁၉) ရက် နံနက် (၉း၃၀) နာရီတွင် စက်ရုံအတွင်း လုပ်ငန်းခွင်တွင် ဝါယာရှော့ ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ရာသို့ စဥ့်ကိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၂) စီး၊ စကားအင်းအမြန်လမ်း မီးသတ်စခန်း မှ မီးသတ်ယာဉ် (၁) စီး၊ တံတားဦး မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃) စီး၊ ကျောက်ဆည် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ မန္တလေးပြည်ကြီးတံခွန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ မန္တလေးတိုင်း ဗဟိုမီးသတ် စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ ပလိပ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ အမရပူရ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး မန္တလေးလောကပါလ လူမှုကူညီရေးအသင်းမှ မီးသတ်ယာဉ် (၁) စီး၊ စုစုပေါင်း မီးငြိမ်းသတ်ယာဉ် (၁၂) စီး၊ သန္ဓေမီးသတ်အင်အား (၃၅) ဦး၊ အရံမီးသတ်အင်အား (၇၂) ဦးတိုဖြင့် ငြိမ်းသက်ရာ (၁၀) နာရီတွင် မီးညွန့်ကို ထိမ်းသိမ်းနိုင်ပြီး (၁၀း၁၀) နာရီတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိကာ အနီးကပ် ကြီးကြပ်ပြီး မီးငြိမ်းသတ်ခဲ့သည်။ မီးလောင်မှုကြောင့် ဖော့ပုံများနှင့် လုပ်ငန်းသုံးစက် (၆) လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဘိုးကို စက်ရုံတာဝန်ခံ ဦးစိုင်းထွန်းတင်နှင့် တာဝန်ရှိသူများက စီစစ် တွက်ချက်လျှက် ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ