ဖဲရိုက်နေစဉ် လှည့်ကင်းနဲ့တိုးပြီး ရေကန်ထဲ ခုန်ချပြေးသူ သေဆုံး

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့ ည (၇) နာရီခွဲ အချိန်ခန့်တွင် မြိတ်မြို့ အမှတ်(၄) နယ်မြေ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်နေစဉ် မြိတ်မြို့ မြစ်ငယ်ရပ် ကန်ကြီးရေကန်ဘောင် ပတ်လမ်း အရောက်တွင် ကန်ဘောင်ရှိ ကွပ်ပျစ်တွင် ဖဲကစားနေသူများသည် ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ပြီး ထွက်ပြေးစဉ် ကန်ကြီးရေကန် ပတ်လမ်းတွင် နေထိုင်သူ ဦးတုတ်ငယ်၊ အသက် (၄၈) နှစ်သည် ရေကန်အတွင်း ခုန်ချ ဆင်းပြေးရာမှ ပြန်လည်ပေါ်လာခြင်း မရှိပဲ ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသဖြင့် မြိတ်မြို့ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေး တပ်စုမှ အင်အား (၄၀) ဦးခန့်နှင့် ရပ်ကွက်နေ ပြည်သူများမှ ကန်အတွင်း ရှာဖွေရာ ညပိုင်းတွင် တွေ့ရှိခြင်း မရှိဘဲ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ၄င်းရေကန်အတွင်းမှ အလောင်း ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ