စမ်းချောင်းမြို့နယ်တွင် ယာဉ်(၄)စီးတိုက်မိမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

၇.၁၂.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း အတိုင်း ဗားကရာလမ်းဘက် မှ ဟံသာဝတီလမ်းဘက်သို့ ယာဉ်မောင်း ဟန်မျိုးအောင်(ခ)အောင်ကြီး (ဘ)ဦးထွေးလှ၊ မကျီးတန်း တောင်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူမောင်းနှင်လာသော 5F/-----ကရီနာ အနက်ရောင်ယာဉ်သည် ညောင်တုန်းလမ်းဆုံ အလွန်အရောက် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုမျိုးကြည် (ဘ)ဦးဌေးဝင်း၊ မရမ်းကုန်းမြို့နယ်နေသူမောင်းနှင် လာသော CC/----- ကရီနာဘင်အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိပြီး လမ်းယာဘက်စပ်၌ ရပ်ထားသော ဦးကျော်ကျော်ဦး၊ စမ်းချောင်းမြို့နယ် နေသူပိုင် ၈ည/----- စူပါကာစတန်ယာဉ်နှင့် ကိုအောင်ဇော်မိုး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူ၏ AA/-----ကရီနာဘင် အငှားယာဉ်တို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီးပျက်စီးပြီး CC/-----ယာဉ်မောင်း ကိုမျိုးကြည်တွင် ၀မ်းဗိုက် နာကျင်ဒဏ်ရာနှင့် ၎င်းယာဉ်ပေါ်ပါခရီးသည် မအေးသက်ခိုင်တွင် နဖူး/နှာခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသရသောကြောင့် ယာဉ်မောင်း ဟန်မျိုးအောင်(ခ) အောင်ကြီးအား စမ်းချောင်းမြို့မရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ