"ဘယ်ဇာတ် ကားမဆို။ အကယ်ဒမီဆိုတာ တွေး လို့မှမရတာ။ သူရချိန်တန်ရင် ရမှာ
ပဲ။ ကုသိုလ်ကံပေါ်မှာလည်း မူတည် တယ်။ အခြေ အနေ အကြောင်း အရာတွေပေါ်မှာလည်း
မူတည်တယ်။ အပြောင်း အလဲတွေပေါ်မှာလည်း
မူတည် တယ်။ အကြောင်းအရာတွေအားလုံး တိုက်ဆိုင်မှရမယ့် အကယ်ဒမီကို
ကျွန်မတန်ဖိုးထားတယ်။ ဘာကြောင့် ပဲပေးပေး တစ်နှစ်ထဲမှာ နှစ်ဆုပဲပေးပေး၊
တစ်ယောက်တည်းကို ၃ ဆုပဲ ပေးပေး လိုချင်တာချည်းပဲ။ လိုချင်တဲ့တာဝန်က ကိုယ့်
ကိစ္စ လေ။
ပေးတာတော့ကိုယ့်ကိစ္စမဟုတ်ဘူး။ဘာမှလုပ်လို့မရဘူး။ရတော့လည်းယူမယ်၊မရတော့လည်း
ထိုင်ငိုနေ လို့ ဘယ်သူကလာပေးမှာလဲ" လို့ အကယ်ဒမီရင်ခုန်သံကို
ပြောကြားလာသူကတော့ စိုးမြတ်သူဇာပဲဖြစ်ပါတယ်။
အကယ်ဒမီ
စိုးမြတ်သူဇာအနေနဲ့ ၁၉၉၄ ခုနှစ်အတွက် 'နော်ရင်မွှေး' ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၈
ခုနှစ်အတွက် 'ရွှေနံ့သာစံအိမ်' ရုပ်ရှင်ဇာတ်ကား တို့နဲ့ အမျိုးသမီး
ဇာတ်ဆောင်ဆု တို့ကို ရရှိထားသူဖြစ်ပါတယ်။
ယခုနှစ်တွင်ကျင်းပမယ့်
၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ဆန်ခါတင်စာရင်းဝင် 'ဥ' ၊ 'လက်ပံ' ၊
'အမုန်းမီးတောက်' ရုပ်ရှင် ဇာတ်ကားတို့ဖြင့် အကယ်ဒမီ
တစ်ကြိုပြေးနေသူဖြစ်သလို အမျိုးသမီး ဇာတ်ဆောင်ဆု ထပ်မံရရှိပါက ဆယ်စုနှစ်
တစ်စုကျော်အတွင်း ထပ်မံရရှိတဲ့ သူ့ရဲ့တတိယမြောက်အကယ်ဒမီဆုအဖြစ်
မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
Popular Academy
အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ ►အကယ်ဒမီစိုးမြတ်သူဇာ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin