ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်စင်စု အဖွဲ့ဝင် ဖြစ်တော့မှာလား ဆွာရက်ဇ်

လီဗာပူးလ် အသင်း၏ တိုက်စစ်မှုး လူးဝစ်ဇ်ဆွာရက်ဇ်အား ခေါ်ယူရန် အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ် အမှုဆောင်ချုပ်က ထုတ်ဖော် ပြောကြား သွားခဲ့သည်။London Evening Standard ၏အဆိုအရ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်နှင့် နည်းပြဖြစ်သူ အန်ဆယ်လော့တီတို့သည် အပြောင်းအရွေ့ ဈေးကွက်တွင် ဆွာရက်ဇ်ကိုသာ ပစ်မှတ်ထား ခေါ်ယူသွားရန် ညှိုနှိုင်းဆုံးဖြတ် ခဲ့ကြပြီ ဖြစ်ကြောင်း သိရသည်။ အန်ဆယ်လော့တီသည် ပုံမှန် ခြေစွမ်းရရန် ရုန်းကန်နေရသော ဘင်ဇီမာကို ရောင်းထုတ်သွားကာ ၎င်း၏ အိမ်မက်ဖြစ်သော triumvirate တိုက်စစ်ကို ပုံဖော်ရန် အတွက် ပြင်ဆင်သွားရန် တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ဖြစ်သည်။ အန်ဆယ်လော့တီ၏ triumvirate အိမ်မက် သုံးဦးတွဲ တိုက်စစ်မှာ စီရော်နယ်ဒိုနှင့် ဘေးလ်အား တစ်ဖက်စီ ရံကာ ဆွာရက်ဇ်ကို မြှားဦးထိပ်တွင် တင်သွားမည့် ပုံစံဖြစ်သည်။ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများ အန်ဆယ်လော့တီ၏ အိမ်မက်ကို အကောင်အထည် ဖော်ပေးရန် ဆွာရက်ဇ်အား လာမည့် ဇန်န၀ါရီ (သို့မဟုတ်) လာမည့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်တွင် ကမ်းလှမ်းသွားရန် တရားဝင် ပြောကြားလိုက်သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
Football Cafe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ