လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ကာ ခရီးသည်(၈)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၃.၁၂.၂၀၁၃ရက်နေ့ ၀၂၄၅အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်
ကားလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်
လာသော ၃က/----ဒိုင်နာအပြာရောင် သန်မြန်သူ(၈၆)လိုင်း၊ ခရီးသည်
တင်ယာဉ်သည် တောင်ကြီးကျောင်းလမ်းထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ
 လမ်းလယ်၌တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပျက်စီးပြီး ယာဉ်ပေါ်ပါခရီးသည်
ကိုင်ကျော်စွာမင်း(ဘ)ဦးကျော်ဝင်း၊ လှိုင်သာယာမြို့နယ်နေသူပါ (၈)ဦးတို့
ပေါက်ပြဲပွန်းပဲ့ နာကျင်ဒဏ်ရာများရရှိကာ လှိုင်သာယာဆေးရုံတွင်အတွင်း/
အပြင်လူနာများအဖြစ် ကုသရသောကြောင့် ယာဉ်အားအခင်းဖြစ်နေရာတွင်
ထားကာ တိမ်းရှောင်သွားသူ ယာဉ်မောင်း(စုံစမ်းဆဲ)အား လှိုင်သာယာမြို့မ
ရဲစခန်းယာဉ်(ပ)၁၃၆/၂၀၁၃၊ ပုဒ်မ ၃၃၇/၃၃၈/၂၇၉/၂၀၂ဖြင့် အမှုဖွင့်ပြီး
တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ