ဥပဒေ ချိုးဖောက်လျှင် ဥပဒေအပြစ်ဒဏ် ပေးခံရမည်

(၇.၁၂.၂၀၁၃)နေ့ည (၁၀း၀၀)အချိန်ခန့်က စစ်တောင်း-ဒိုက်ဦးလမ်းဆုံရှိ Mobile Team(2)တွင် ကျိုက်ထိုဘက်မှ မောင်းနှင်လာသောSuper Custom (ဇီးရောင်)နှစ်စီးယာဉ်အမှတ် ၅ဂ/xxxxနှင့်၈ခ/xxxx တို့အားရပ်တန့်ရှာဖွေရာ စင်းဂါးဘီယာ (၅၀၀)ကျော်အားတရားမ၀င် သယ်ဆောင်လာသည်ကိုတွေ့ရှိရသဖြင့် ၅ဂ/xxxx ယာဉ်မောင်း ကျော်ကြူး (၂၈)နှစ်(ဘ)ဦးတင်မောင်ငြိမ်း၊အောင်ချမ်းသာလမ်း၊ဝေါမြို့၊ယာဉ်နောက်လိုက်အောင်အောင်(၂၃)နှစ်၊(ဘ)ဦးဝင်းအောင်၊အလင်းရောင်(၂)လမ်း၊ဝေါမြို့နေသူနှင့် ၈ခ/xxxxယာဉ်မောင်း မျိုးထွေး(၂၉)နှစ်(ဘ)ဦးတင်ငွေ၊ ရွှေဟင်္သာလမ်း၊ ကျိုက်ကော်ရွာ၊ သထုံမြို့၊ ယာဉ်နောက်လိုက် ထွန်းထွန်းဝင်း(၃၄)နှစ်(ဘ)ဦးသန်းငွေ၊ ရွှေဟင်္သာလမ်း၊ကျိုက်ကော်ရွာ၊သထုံမြို့နေသူတို့အား စစ်ဆေးရေးဂိတ်တွင် ယာယီထိန်းသိမ်း ထားခဲ့ပါသည်။

(၉.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်ခန့်တွင် Mobile Team(2) သို့ KEAP ကရင် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည့်တပ်ဖွဲ့(နောင်ရိုးအထူးဒေသ)မှ ဗိုလ်မှူးအဆင့်ရှိ စောမြွေဟောက်(၃၄)နှစ်(ဘ)ဦးစောမောင်အေး နှင့် လူအင်အား(၁၀)ဦးသည် မော်တော်ယာဉ်(၂)စီးဖြင့် လက်နက်ခဲယမ်း
များဖြင့် ရောက်ရှိလာကြပြီး Mobile Team(2) မှတာဝန်ကျသူများအား လက်နက်ခဲယမ်းကိုင်ဆောင်ကာ ခြောက်လှန့်ပြီး ထိန်းသိမ်းထားသော ယာဉ်(၂)စီးနှင့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့အား အဓမ္မခေါ်ဆောင် သွားခဲ့ပါသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်မှူးစောမြွေဟောက်အား Mobile Team(2)တွင်တာဝန်ကျနေသည့် ဒုရဲမှူးဝင်းအေးမှ တရားလိုပြုလုပ်၍ ပဲခူးမြို့မရဲစခန်းသို့တိုင်ကြားရာ စခန်းမှ(ပ)၇၀၅/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၆ (ခြောက်လှန့် ပစ္စည်းတောင်းယူမှု)အရအမှု ဖွင့်အရေးယူထားပြီး (နောင်ရိုးအထူးဒေသ)ဥက္ကဌ ဗိုလ်မှူးကြီး စောအယ်စေးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ယခုကိစ္စကိုကျေနပ်လက်ခံပါကြောင်း၊နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက် တပ်ဖွဲ့ဝင်များအပေါ် ကြပ်မတ်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းနှင့်မည်သူမဆို ဥပဒေချိုးဖောက်ပါက အရေးယူခံရမည်ဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ