အင်းစိန်နှင့် လှိုင်သာယာမြို့နယ်များအတွင်းမှ ခါးပိုက်နှိုက်များဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်၁၅.၁၂.၂၀၁၃ရက်နေ့ ၀၇၅၀အချိန်ခန့်တွင်ကားမှတ်တိုင်များ၌ ခါးပိုက်နှိုက်ဖမ်းဆီးရေး အတွက်အသွင်ယူ ဆောင်ရွက်စဉ် ပေါက်တောဝ မှတ်တိုင်အရောက် ယာဉ်လိုင်းအမှတ်(၇၉)ယာဉ်ပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်း ရှိသူများဖြစ်သည့် အောင်အောင်(ခ)ကတုံး (ဘ) ဦးအောင်တင်၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူနှင့် ကျော်ကျော်ဦး(ခ)အညာသား (ဘ)ဦးစိန်မြင့်၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့(၂)ဦးအား ရှာဖွေရာ အောင်အောင်(ခ) ကတုံးထံမှ ငွေကျပ်(၁၂၀၀၀)အားတွေ့ရှိရသဖြင့် စစ်မေးရာ ယာဉ်လိုင်းပေါ်ပါ အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးထံမှ ကျော်ကျော်ဦး (ခ)အညာသားမှ လူကာပေးပြီး ၎င်းမှနှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း(ပ)၁၂၉၈/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် လည်းကောင်း၊၎င်းနေ့ ၁၂၃၀အချိန်ခန့်တွင် ရန်ကုန်-ပုသိမ်လမ်း၊ အဆင့်မြင့်မှတ်တိုင်တွင်စောင့်ဆိုင်၍ ခါးပိုက်နှိုက် ဖမ်းဆီးရေး ဆောင်ရွက်စဉ် အမှတ်(၈၁)ယာဉ်လိုင်းပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ်နေသူများ ဖြစ်သည့် အောင်မင်းထွန်း(ခ)အောင်ချမ်း(ခ) တရုတ်ကြီး (ဘ)ဦးစိုးတင့်၊ ဌေးမောင်မောင် (ဘ)ဦးမောင်အေးနှင့် မင်းသူရ(ခ)ဗိုက်ကလေး (ဘ)ဦးစောပန်းအေးတို့(၃)ဦးအားတွေ့ရှိရှာဖွေရာ အောင်မင်းထွန်း (ခ)အောင်ချမ်း(ခ)တရုတ်ကြီးထံမှ ငွေကျပ်(၂၀၀၀၀)တွေ့ရှိရသဖြင့် စစ်မေးရာ ယာဉ်လိုင်းပေါ်ပါ အသက်(၄၅)နှစ်ခန့်အမျိုးသမီး တစ်ဦးထံမှ ဌေးမောင်မောင်နှင့် မင်းသူရတို့မှ လူကာပေးပြီး ၎င်းမှနှိုက်ယူခဲ့သောငွေများဖြစ်ကြောင်း သိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၁၄၃၈/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အသီးသီးအရေးယူ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ