ပင်နယ်တီ ရရှိဖို့  ကျနော် ဒိုင်ဗင် မထိုးခဲ့ ပါဘူး ဟု ငြင်းဆိုလိုက် သည့် ၀ဲလ်ဘက်

မန်ချက်စတာ ယူနိုက်တက် အသင်း ဧ။် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘက် က ပြီးခဲ့သည့် တနင်္ဂနွေ နေ့ ည က ကစားခဲ့သည့် ပွဲစဉ်တွင် ၄င်း အနေနင့် ပင်နယ်တီ ရရှိစေရန် ဒိုင်ဗင် မထိုးခဲ့ ကြောင်း ငြင်းဆို သွားခဲ့သည်ဟု သိရသည်။ တော့တင်ဟမ် စပါး အသင်း အား ၀ှိုက်ဟန်းလိန်း ကွင်းတွင် ၂-၂ ဖြင့် သရေ ကျခဲ့သည့် ပွဲစဉ်တွင် ယူနိုက်တက် အတွက် ဒုတိယ ဂိုး ရရှိစေရန် ပင်နယ်တီ ရရှိစေရန် ဒိုင်ဗင် ထိုးခဲ့ သည် ဟု ဝေဖန် နေကြခြင်းအား ယူနိုက်တက် တိုက်စစ်မှူး မှ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ပွဲစဉ် အပြီး တွင် တော့တင်ဟမ် စပါး နည်းပြ ဘိုးအားစ် မှ ၀ဲဘက်လ် အနေဖြင့် ပင်နယ်တီ ရရှိရန် ရည်ရွယ်ချက် ရှိရှိ လှဲချ ခဲ့သည် ဆိုသည့် စွပ်စွဲ ချက်အား ယူနိုက်တက် တိုက်စစ်မှူး မှ ပြန်လည် တုံ့ ပြန်လိုက်ခြင်း လည်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ် နင့်ပတ်သတ်ပြီး အင်္ဂလန် လက်ေ၇ွးစင် တိုက်စစ်မှူးက -- " အဲဒီ အချိန်တုန်းက ကျနော့် ရဲ့  ဘယ်ဘက် မှာ ၀ိန်း ( ရွန်နီ ) က ဘောလုံး ရရှိသွားတာ ကို မြင်လိုက်၇ပါတယ် ။ ပြီးတော့ အလျင် ဆိုသလိုပဲ သူဟာ ဘောလုံးကို ဂိုးရိယာ အတွင်းစပ်ထဲ ကို ဖြတ်ပြီး ပို့ ပေးလိုက်ပါတယ် ။ ဒါကြောင့် လည်း ကျနော်ဟာ ဘောလုံး ဦးတည်လာတဲ့ လမ်းကြောင်း အတိုင်း စပါး နောက်ခံ လူ ရဲ့  နောက်ဘက်ကနေပြီး ဒေါင့်ဖြတ် ပြေးပြီး ဘောလုံး ကို အရယူ ဖို့  ရောက်ရှိသွားခဲ့ပါတယ် ။ ဂိုးသမား ပြေးထွက်လာ မယ် ဆိုတာ ကို ကျနော် သဘောပေါက်ပြီး သားပါ ။ ဒါကြောင့် လည်း ကျနော် ဘောလုံး အရင်ဆုံး ရနိုင်ဖို့  ကြိုးစားခဲ့ပါတယ် ။ ကျနော် ဘောလုံး ကို ထိန်းနိုင်လိုက်တဲ့ အချိန်မှာ ပဲ ဂိုးသမား ဟာ သူရဲ့  လက်နဲ့ ကျနော့် နောက်ခြေကို လာပြီး ထိပါတယ် ဆိုရင် ပဲ ကျနော် လည်း ဟန်ချက်ပျက်ပြီး လဲကျသွားတာပါပဲ " ဟု သူဧ။် ပင်နယ်တီ အတွက် ဝေဖန် မှု များအား ပြန်လည် ရှင်းပြ သွားခဲ့ကြောင်း သိရသည်။

Written by ၀ိုင်း ( ကျိန်းရိပ် )
http://www.football-cafe.com/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ