စတုတ်ခ်စီးတီး၏ နောက်ကျ အနိုင်ဂိုးကို မချေပနိုင်ဘဲ အမှတ်ပေးဇယား တတိယနေရာသို့ ဆင်းပေးလိုက်ရသည့် ချယ်ဆီး

စတုတ်ခ်စီးတီးနှင့် ချယ်ဆီး ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

စတုတ်ခ်စီးတီးတွင် ဘီဂိုဗစ်၊ ကင်မရွန်၊ ရှောခရော့စ်၊ ဟုသ်၊ မူနီဆာ၊ ဝေါလ်တာစ်၊ အန်ဇွန်ဇီ၊ ဝီလန်၊ အဒမ်၊ အာနော်တိုဗစ်၊ ခရော့ခ်ျတို့ ပါဝင်ကစားခဲ့သည်။

ချယ်ဆီးအသင်းတွင် ဆက်ခ်ျ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာ၊ ရာမီးရက်စ်၊ မီခေးလ်၊ ဟာဇက်၊ မာတာ၊ ရှာရယ်လ်၊ တောရက်စ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။

ပထမပိုင်း ၅ မိနစ်တွင် ချယ်ဆီးအသင်းက ဂိုးသွင်းခွင့် ရရှိခဲ့ပြီး ဘယ်တောင်ပံမှ ရှာရယ်လ် ပေးပို့သည့် ဘောလုံးကို ရာမီးရက်စ် ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ၉ မိနစ်တွင် ချယ်ဆီးက ဦးဆောင်ဂိုး ရရှိခဲ့သည်။ အဆိုပါဂိုးကို ကွင်းလယ် ကစားသမား ရှာရယ်လ်က စတုတ်ခ် နောက်ခံလူများကို ကျော်ဖြတ်ကာ သွင်းယူခဲ့သည်။ ၄၂ မိနစ်တွင် စတုတ်ခ်က ချေပဂိုး ရရှိသွားခဲ့သည်။ ဘယ်တောင်ပံမှ ပေးပို့သည့် ဘောလုံးကို ခရော့ခ်ျက သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင်လည်း နှစ်သင်းကစားပုံမျာ အကြိတ်အနယ်ရှိခဲ့သည်။ ၅၁ မိနစ်တွင် စတုတ်ခ်စီးတီး ကစားသမား အိုင်ယာလန်က ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ၅၃ မိနစ်တွင် ရှာရယ်လ်က ချယ်ဆီးအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ ၅၇ မိနစ်တွင်လည်း ရှာရယ်လ် ဂိုးဧရိယာထိပ်မှ ကန်သွင်းသည့် ဘောလုံးမှာ ဂိုးဘားတန်း ထိထွက်ခဲ့သည်။ နောက်ပိုင်းတွင် ချယ်ဆီးက ဒမ်ဘာဘားနှင့် အီတူးကို ထည့်သွင်းပြီး တိုက်စစ်ကို မြှင့်ခဲ့သော်လည်း စတုတ်ခ်ခံစစ်ပိုင်းကို မကျော်နိုင်ခဲ့ပေ။ စတုတ်ခ်စီးတီးအတွက် အနိုင်ဂိုးကို မိနစ် ၉၀ တွင် လူစားဝင် ကစားသမား အက်ဆိုင်ဒီက သွင်းယူခဲ့သည်။ ပွဲအပြီးတွင် စတုတ်ခ်စီးတီးက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တစ်ဖက်တွင် လီဗာပူးလ်က အနိုင်ရသွားခဲ့သည့်အတွက် ချယ်ဆီးက အမှတ်ပေးဇယား တတိနေရာသို့ ဆင်းပေးလိုက်ရသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ