ကော့မှူးမြို့နယ် လူသတ်မှုမှတရားခံအား အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

Saturday, December 14, 2013 17:48(+0630) (11 နှစ် ခန့်က)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၃.၁၂.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ကော့မှူးမြို့နယ်၊ဆင်ခြံကျေးရွာ
အနောက်ခြမ်းနေ ဦးသက်ဆွေ (ဘ)ဦးစိန်မြင့်သည် နေအိမ်၌ရှိနေစဉ်
ပိန္နဲကုန်းကျေးရွာ တွံတေး-ကော့မှူးလမ်းပေါ်တွင်လူတစ်ဦးသေဆုံး
နေကြောင်းသတင်းအရ သွားရောက်ကြည့်ရှုရာ ဆင်ခြံကျေးရွာ
အနောက်ဘက်ခြမ်းနေ မြင့်စိန်(ဘ)ဦးမောင်လှအား ဦးခေါင်းနောက်စေ့
သွေးထွက်ပေါက်ပြဲ၊ ၀ဲပါးဖူးယောင်၊ လည်ပင်းပြတ်ရှ၊ ရင်ညွန့်ထိုးသွင်း
ဒဏ်ရာ(၈)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍
မြင့်စိန်အားသတ်သွားသူအပေါ် စုံစမ်းအရေးယူပေးရန် ဦးသက်ဆွေမှ
တိုင်တန်းသဖြင့် ကော့မှူးမြို့မရဲစခန်း(ပ)၃၀၂/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့မှ တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ရာ
သေဆုံးသူမြင့်စိန်သည် လွန်ခဲ့သော(၃)နှစ်ခန့်က ၎င်းနှင့်တစ်ရွာ
တည်းနေ အောင်အောင်(ဘ)ဦးမြဟန်၏စက်ဘီးအား ခိုးယူခဲ့သည့်
ကိစ္စနှင့်ပတ်သက်၍ ၁၃.၁၂.၂၀၁၃ ရက်နေ့ ၀၂၀၅ အချိန် မြင့်စိန်နှင့်
အောင်အောင်တို့ စကားများရန်ဖြစ်ကြစဉ် အောင်အောင်က အသင့်ပါလာသော
အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန် ဖြင့်ထိုးကာ ၀ါးတုတ်ဖြင့်ရိုက်ခဲ့သောကြောင့်
 မြင့်စိန်မှာဒဏ်ရာရသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်အောင်အား ၀၅၅၅
အချိန်တွင် သက်သေခံပစ္စည်းနှင့်
အတူ ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ