သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့သည့် ကိတ်ဝင်းဆလက်

သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့သည့် ကိတ်ဝင်းဆလက် စနေနေ့က ဗြိတိန်နိုင်ငံ၊ ဆက်စက်ရှိ ဆေးရုံတစ်ရုံတွင် ကိတ်မီးဖွားခဲ့ကြောင်း သူမ၏ ကိုယ်စားလှယ်က Daily Mailသို့ ပြောကြားခဲ့သည်။
ဟောလီးဝုဒ် မင်းသမီး ကိတ်ဝင်းဆလက်သည် ကိုယ်အလေးချိန် (၉)ပေါင်ရှိသည့် ကျန်းမာသန်စွမ်းသော သားယောက်ျားလေး တ်စဦးကို ဖွားမြင်နိုင်ခဲ့ပြီ ဖြစ်သည်။ စနေနေ့က ဗြိတိန်နိုင်ငံ၊ ဆက်စက်ရှိ ဆေးရုံတစ်ရုံတွင် ကိတ်မီးဖွားခဲ့ကြောင်း သူမ၏ ကိုယ်စားလှယ်က Daily Mailသို့ ပြောကြားခဲ့သည်။ "ကိတ်ကတော့ ခုချိန်မှာ သားလေးတစ်ယောက်ရဲ့ မေမေ ဖြစ်လာပါပြီ"ဟု သူမ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက အတည်ပြုခဲ့သည်။ ကိတ်နှင့် ခင်ပွန်းဖြစ်သူ နက်ဒ်ရော့ခ်အန်ရိုးလ်တို့သည် ယခုအခါ အလွန် ပျော်ရွှင်နေကြောင်းလည်း သိရသည်။ ကိတ်တွင် ယခင်က သားသမီး (၂)ဦး ရှိဖူးသော်လည်း နက်ဒ်နှင့်မူ ပထမဆုံး ကလေးရခဲ့ခြင်း ဖြစ်သည်။

အသက်(၃၈)နှစ်ရှိ ကိတ်သည် ခင်ပွန်းဟောင်း နှစ်ဦးနှင့် အသက်(၁၃)နှစ်ရှိ မီရာ၊ အသက်(၉)နှစ်ရှိ ဂျိုးအမည်ရှိ ကလေးနှစ်ဦးကို ရရှိထားသည်။ ကိတ်နှင့် နက်ဒ်တို့သည် နက်ဒ်၏ဦးလေး ရစ်ချတ်ဘရန်ဆန် ပိုင်ဆိုင်သော နက်ကာကျွန်းတွင် ကိတ်က သွားရောက် အပန်းဖြေရာမှ စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကမူ ကိတ်နှင့် နက်ဒ်တို့ လျှို့လျှို့ဝှက်ဝှက် လက်ထပ်ခဲ့သည်။ အသက်(၃၅)နှစ်ရှိ နက်ဒ်သည် အာကာသ ခရီးသွားလုပ်ငန်းကို အခြေချ စတင်နေသည့် Virgin Empire၌ အလုပ်လုပ်နေသူတစ်ဦး ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ