မူးယစ်ဆေးဝါးများ ရောင်း/၀ယ်နေသည့် ရဲဘက်ပြေးအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် သံချောင်း(ခ)ထွန်းကျော်(ဘ) ဦးခင်သိန်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေသူမှာ ရဲဘက်ပြေးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်း/၀ယ်နေကြောင်း သတင်းအရ စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းအား ၂၉.၁၂.၂၀၁၃ရက်နေ့ ၁၁၄၅အချိန်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ သိပ္ပံလမ်းမပေါ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ ၁၂၀၅အချိန်တွင် ၎င်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀ရမ်းဖြင့်ရှာဖွေခဲ့ရာ ဇနီးဖြစ်သူ မမြင့်မြင့်နိုင်(ဘ)ဦးပေါ်သိန်းမှာ နေအိမ် အိပ်ခန်းအတွင်းမှ အစိမ်းရောင်ပိုက်ဆံ အိတ်ငယ်(၁)လုံးအား နောက်ဖေးပေါက်မှ ပစ်ချခဲ့သည်ကို သက်သေများနှင့်အတူ တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ၎င်းအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၈၁၅)ပြား၊ အလေးချိန် (၈၁.၅)ဂရမ်၊တန်ဘိုးငွေကျပ် (၄၀၇၅၀၀၀)၊ ICE ဟုယူဆရသော အဖြူရောင်မူးယစ်ဆေးဝါးပုံဆောင်ခဲအပိုင်းအစ(၈)ခု၊ အလေးချိန် (၃.၈၇)ဂရမ်၊ တန်ဘိုးငွေကျပ်(၇၆၀၀၀)နှင့် ငွေစက္ကူရောရာ ကျပ်(၁၄၂၉၀၀)နှင့် အမေရိကန်ဒေါ်လာ (၄၅)ဒေါ်လာတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် သံချောင်း(ခ)ထွန်းကျော်နှင့် ဇနီးဖြစ်သူ မမြင့်မြင့်နိုင်တို့အား အလုံမြို့မရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အရေးယူဆောင်ရွက် ထားရှိပါသည်။

တရားခံ သံချောင်း(ခ)ထွန်းကျော်သည် ၁၄.၇.၂၀၁၀ရက်နေ့တွင် မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၃၄၁/၂၀၁၀၊ ပုဒ်မ ၃၂၈/၃၇၆/၃၉၄/၁၁၄အမှုဖြင့် ထောင်ဒဏ် (၁၄)နှစ်ကျခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လအတွင်းက တွံတေးမြို့နယ်၊ တောကြီးတန်းရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သည့် ရဲဘက်ပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ