အင်းစိန်ထောင်အတွင်း ဒီငြိမ်းလင်း စာမေးပွဲဖြေဆိုခွင့်ရ

အင်းစိန်အကျဉ်းထောင်အတွင်း စာမေးပွဲဖြေဆိုခွင့် ရကြောင်း ဒီငြိမ်းလင်း၏ ဖေ့ဘွတ်တွင် ဖော်ပြထားသော စာမှသိရသည်။

"ကျနော် တက်ရောက်နေသော ဘူမိဗေဒ (တတိယနှစ်)အထုးပြုဘာသာရပ်၏ နောက်ဆက်တွဲ စာမေးပွဲများကို အင်းစိန်အကျဉ်းထောင်အတွင်း ဖြေဆိုခွင့်ရရှိခဲ့ပါသည်။ (၃.၁၂.၂၀၁၃)ရက်နေ့ နှင့်(၅.၁၂.၂၀၁၃)ရက်နေ့ များတွင် အင်းစိန်အကျဉ်းထောင်ဆေးရုံ၌ (၂)ဘာသာဖြေဆိုခဲ့ ပြီးဖြစ်ပါသည်။ ကျန်(၂)ဘာသာကို (၁၁.၁၂.၂၀၁၃)ရက်နေ့ နှင့်(၁၄.၁၂.၂၀၁၃)ရက်နေ့ တို့ တွင် (၂)ဘာသာဆက်လက်ဖြေဆိုရန် ရှိပါသည်။

ကျနော် စာမေးပွဲဖြေဆိုခွင့်ရရှိရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော သက်ဆိုင်ရာဝန်ကြီးဌာန
များ၊ဌာနဆိုင်ရာများနှင့်တကွ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ရှိပါကြောင်း။

အခြားပြစ်မှုများနှင့် ပြစ်ဒဏ်စီရင်ခြင်းခံရပြီး အကျဉ်းထောင်အသီးသီးအတွင်း ရောက်ရှိနေကြ
သော အကျဉ်းကျတက္ကသိုလ်ကျောင်းသား/သူများကိုလည်း ကျနော်ကဲ့သို့ စာပေလေ့လာသင်ယူခွင့်
နှင့်စာမေးပွဲဖြေဆိုခွင့်များကို ခွင့်ပြုပေးရန်နှင့်ပြစ်ဒဏ်ကျခံနေစဉ်အတွင်းပညာရေးဆိုင်ရာ အခွင့်အ
ရေးများမဆုံးရှုံးစေရန်ဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။"

ဒီငြိမ်းလင်း

အင်းစိန်အကျဉ်းထောင်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ