အကယ်ဒမီ ဗန်းကိုင် ရှစ်ဦးကို စင်ကာပူနိုင်ငံသား မစ္စတာဘရိုင်ယန် နှင့် အကယ်ဒမီ မို့မို့ မြင့်အောင်တို့က လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂ဝ၁၂ ခုနှစ်၊ မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးအပ်ပွဲ အတွက် အကယ်ဒမီ ဗန်းကိုင် ခွင့်ရ သော အလှမယ် ရှစ်ဦးကို စင်ကာပူ နိုင်ငံသား မစ္စတာ ဘရိုင်ယန်က အကယ်ဒမီ စင်မြင့်ထက်၌ စမတ်ကျ လှပသေသပ်သော လျှောက်လှမ်းမှု များဖြင့် အကယ်ဒမီဆုကို ကိုင် ဆောင် နိုင်ရေးအတွက် ဒီဇင်ဘာ ၁၃ ရက် နေ့မှ စတင်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၌ သင်ကြားပေး လျက်ရှိ သည်။ စင်ကာပူနိုင်ငံသား မစ္စတာ ဘရိုင်ယန်သည် ယခုကဲ့သို့ အကယ်ဒမီ ဗန်းကိုင် များကို လာရောက် သင်ကြား ပြသဖြစ်ခဲ့ ရခြင်းမှာ အကယ်ဒမီ မို့မို့မြင့်အောင်၏ အကူအညီတောင်း ဆိုမှု ကြောင့်ဖြစ်သည်ဟု သိရသည်။

စင်ကာပူနိုင်ငံသား မစ္စတာဘရိုင် ယန်က အကယ်ဒမီ ဗန်းကိုင်များကို လာရောက် သင်ကြားဖြစ်နေ ရခြင်း နှင့်ပတ်သက်ပြီး “မမို့က ဒီအကယ်ဒမီ ဗန်းကိုင်တွေကို စမတ် ကျစွာနဲ့ အရင် နှစ်တွေလို သမားရိုးကျ မဟုတ်တဲ့ ပုံစံတွေနဲ့ လျှောက်စေချင် တဲ့ ဆန္ဒ တွေ ရှိနေတာကြောင့် သူတို့ အရည် အချင်းတွေ တိုးတက်စေဖို့ အတွက် လာရောက် သင်ပေးဖြစ်နေတာပါ။ အဓိက သင်ပေးရမှာက ဗန်းကိုင်လေး တွေ စင်ပေါ် တက်တော့မယ် ဆိုရင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိပ် မသိကြသေးတော့ အဲဒါတွေကို သင် ပေးပါမယ်။ ပြီးတော့ အကယ်ဒမီရွှေစင် ရုပ်တုကို ဘယ်လို ကိုင်တွယ် ရမလဲဆိုတဲ့ ကိုင်ပုံ ကိုင်နည်းတွေ၊ စင်ပေါ်မှာ ဘယ်လို နေထိုင်ရမယ် ဆို တာနဲ့လမ်း ဘယ် လိုလျှောက်ရမလဲ ဆိုတာတွေကို သေချာ သင်ပေးသွားပါမယ်”ဟု ပြောပြသည်။

အကယ်ဒမီ ဗန်းကိုင် အကဲဖြတ်ရွေးချယ်ရေး အဖွဲ့ မှာလည်း ပါဝင်ဆောင်ရွက် ခဲ့တဲ့ အကယ်ဒမီ မို့မို့မြင့်အောင် က “သူတို့ကို စရွေး ကတည်းက လမ်းလျှောက် တာတွေ က လှတော့ လှနေတယ်။ ဒါပေမဲ့ တောင့်တောင့်ကြီးတွေပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ လမ်းလျှောက် တာတွေ မလှမှာ စိုးရိမ်တယ်။ လမ်းလျှောက်တာတွေ ကိုလည်း ပုံစံပြောင်းပစ်ချင်တယ်။ အဲဒါကြောင့်လည်း လမ်းလျှောက်တဲ့ ပုံစံတွေကို ပြောင်းပစ်ဖို့ မစ္စတာ ဘရိုင်ယန်ကို အကူအညီ တောင်းတာ၊ ဗန်းကိုင် ဆိုတဲ့ဝေါ ဟာရပေါ် လွင်အောင် ချစ်စရာ ကောင်းအောင် လမ်းလျှောက်နည်း အသစ်တစ်ခု မမို့တို့လိုချင်တယ်။ အပြုံးတွေ ကအစပေါ့။ အဲဒါကြောင့် လည်း မစ္စတာ ဘရိုင်ယန်ကို အကူ အညီတောင်းပြီး တော့ ဗန်းကိုင်လေးတွေ ကို သင်ပေးနေ တာပါ။ သူတို့ အတွက် လည်း ထူးခြားမှု တစ်ခု ဖြစ်သွားမှာပါ” ဟု ပြောပြခဲ့သည်။

ထက်လူလူ
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ