မကွေးတိုင်းဒေသကြီး၊ပခုက်္ကူ မြို့၌ ဒီဇင်ဘာ(၁၀)ရက် ည၂၃း၁၅ နာရီအချိန်ခန့်တွင် မြကန်သာ ရပ်ကွက်အနီး ဧရာဝတီတံတား အတက်လမ်းမပေါ်တွင်ယာဉ်တိုက် မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ည၂၃း၁၅ နာရီအချိန်ခန့်တွင် မြင်းခြံမှပခုက္ကူ သို့ယာဉ်မောင်းဦးသန်းလှိုင်(၅၈) နှစ် မောင်းနှင်လာသော Preet 9045 လယ်ထွန်စက်(ရှေ့တွင်မြေ ကော်ပါပြီး နောက်တွင်ထယ်သွား ပါ)နှင့်မျက်နှာချင်းဆိုင်မှကိုဝင်းကို မောင်းနှင်သော Kenbo.110 အစိမ်းရောင်ဆိုင်ကယ်နှင့်တိုက်မိ ရာဆိုင်ကယ်နောက်တွင်ထိုင်စီးသူ ညောင်ဦးမြို့နယ်၊ တောင်ရှေ့ရွာ နေသူကို ဖိုးကူကိုစိုးသူနှင့်ဆိုင်ကယ် မောင်းသူကိုဝင်းကိုတို့သုံးဦးစလုံး အခင်းဖြစ်နေရာ၌ ပင်ဒဏ်ရာရရှိ သေဆုံးသွားခဲ့သည်။
ယင်းကိစ္စအားအခင်းဖြစ်နေ ရာသို့ ပခုက္ကူမြို့မရဲစခန်းမှူးဒုရဲ မှူးဝင်းလှိုင် တာဝန်မှူးဒုရဲအုပ်ညီ ညီထွန်းတို့သွားရောက်စစ်ဆေးခဲ့ ပြီး ဥပဒေအရအရေးယူဆောင် ရွက်ထားကြောင်းသိရသည်။
အောင်(မန်းတက္ကသိုလ်)
Hot News Journal
ဆိုင်ကယ်နှင့်လယ်ထွန်စက်တိုက် ဆိုင်ကယ်စီးသူသုံးဦးလုံးသေဆုံး
Friday, December 13, 2013 13:19(+0630) (11 နှစ် ခန့်က)
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin