ဝန်ခံမှုပြုလုပ်ခဲ့သည့် “ဘက်ခမ်း”

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း“ဒေးဗစ်ဘက်ခမ်း”ဟာ နည်းပြဘ၀မှ အနားယူသွားပြီဖြစ်တဲ့ “ဆာအဲလက်စ်ဖာဂူဆန်”နဲ့ ပတ်သက်ပြီး ၀န်ခံမှုတစ်ချို့ ပြုလုပ်ခဲ့ပါတယ်။ “ဘက်ခမ်း”အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ “ဖာဂူဆန်”နဲ့ လက်တွဲ ခဲ့စဉ်ကနဲ့ ပတ်သက်ပြီး “ဖာဂူဆန်”ဟာ မိမိတို့ တစ်သင်းလုံးက လေးစားရတဲ့ သူတစ်ဦးဖြစ်ပြီး အသင်းသားများအပေါ် အုပ်ချုပ်ရာမှာ အာဏာရှင်ဆန်ဆန် သြဇာလွှမ်းမိုးမှုများရှိခဲ့ကြောင်း ၀န်ခံသွားခဲ့ပါတယ်။

ဆက်လက်ပြီး “ဘက်ခမ်း”က “ဖာဂူဆန်”အနေနဲ့ အဲ့ဒီလိုပြုမူခဲ့တာဟာ အသင်း အတွက် ကောင်းမွန်တဲ့နည်းလမ်းဖြစ်သလို ဆိုးရွားမှုတွေလည်းရှိခဲ့ပြီး ကစားသမားများကလည်း သူ့အပေါ် အလွန်ကြောက်ရွံ့ခဲ့ရကြောင်း အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် “ဖာဂူဆန်”ဟာ “ဘက်ခမ်း”ကို အသင်းရဲ့အ၀တ်လဲခန်းမှာ ဖိနပ်နဲ့ ထိခိုက်မိအောင် ပြုလုပ်ခဲ့တာကြောင့် မျက်လုံးကွဲမှုလည်း ရှိခဲ့ပါတယ်။ "ဘတ်ခမ်း" နဲ့ “ဖာဂူဆန်” တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အနားယူခဲ့တာဖြစ်ပါတယ်။

“ဘက်ခမ်း”ဟာ မန်ချက်စတာယူနိုက် လူငယ် အသင်းကို(၁၉၉၁)မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး (၁၉၉၃)ခုနှစ်မှာတော့ “ဖာဂူဆန်”ကိုင်တွယ်တဲ့ အသင်းကြီးကိုရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ “ဘက်ခမ်း” ဟာ (၂၀၁၃)ခုနှစ်မှာ “ဖာဂူဆန်” နဲ့ ပြဿနာ အချို့ဖြစ်ပွားခဲ့ပြီးနောက် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရခဲ့ဘဲ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

MRTV-4

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ