ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။
YouTube Music Awards ဆုပေးပွဲတွင်
နာမည်ကျော် Rapဂီတ အဆိုတော် Eminemက တစ်နှစ်တာ အထူးချွန်ဆုံး
အနုပညာရှင်ဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာကျော် ဗီဒီယို Sharing
ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင်
စတင်ပေးအပ်ခဲ့သည်။ သို့သော်လည်း YouTube၏ ဆုပေးပွဲ အစီအစဉ်သည်
ပရိသတ်များကြား ရေပန်းမစားသေးသလို အဖွင့်ဆုပေးပွဲကို အင်တာနက်မှတစ်ဆင့်
တိုက်ရိုက်ကြည့်ရှုသူ (၂၁၅၀၀၀)မျှသာ ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်
အစောပိုင်းက MTV၏ ဗီဒီယိုဂီတဆု (VMA) အခမ်းအနားကို အင်တာနက်မှ
တိုက်ရိုက်ကြည့်ရှုသူ အရေအတွက်မှာမူ (၁၀)သန်းကျော်မျှထိ ရှိခဲ့သည်။
ယခုနှစ်၏ အထူးချွန်ဆုံး ဂီတအနုပညာရှင်အဖြစ် Eminemက ရွေးချယ်ခံရသလို
တစ်နှစ်တာ အကောင်းဆုံး သီချင်းဗီဒီယိုဆုအတွက်မူ တောင်ကိုရီးယား Popဂီတအဖွဲ့
Girls Generationက ရရှိခဲ့သည်။ SNSDဟု လူသိများသည့် ယင်းအဖွဲ့သည်
မိုင်လီဆိုင်းရပ်စ်၊ ဂျက်စတင်ဘီဘာ၊ လေဒီဂါဂါ၊ One Directionနှင့်
PSYကဲ့သို့ နာမည်ကြီးများကို ကျော်ဖြတ်ခဲ့သည်။ YouTube၏ ပထမဆုံး ဆုပေးပွဲ
အစီအစဉ်တွင် လူသစ်တန်းဆုအတွက် မက္ကလီမောရ်နှင့် ရိုင်ယန်လီဝစ်တို့က
ရရှိခဲ့သလို တေလာဆွစ်ဖ်၏ I Knew You Were Trouble အယ်လ်ဘမ်ကလည်း ပရိသတ်
အများဆုံးရရှိသည့် သီချင်းအယ်လ်ဘမ်ဆုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ DeStorm၏
See Me Standingကမူ ဖန်တီးထိုးထွင်းမှု အကောင်းဆုံးဆုကို ရရှိခဲ့ပြီး
ယခုအစီအစဉ်တွင် လေဒီဂါဂါ၊ Eminem၊ Arcade Fire၊ အေဗီဆီး၊ M.I.Aအစရှိသည့်
နာမည်ကြီးများ၏ ဖျော်ဖြေမှုများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ YouTube၏
ပထမဆုံး ဂီတဆုပေးပွဲကို နယူးယော့ခ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network
YouTube၏ တစ်နှစ်တာ အထူးချွန်ဆုံး ဂီတအနုပညာရှင်ဆုကို Eminem ရရှိ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin