ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung က အခိုးခံလိုက်ရသော၊ ပျောက်ဆုံးသွားသော စမတ်ဖုန်းများကို
အလုပ်လုပ်မှု ရပ်ဆိုင်းပေးမယ့် "kill switch" ကို စမတ်ဖုန်းများမှာ Install
လုပ်ဖို့အစီအစဉ် ရှိကြောင်း တင်ပြထားပါတယ်။ Samsung ရဲ့
အကြံပြုချက်အသစ်နဲ့ ပတ်သက်
ပြီး AT&T, Verizon Wireless, United
States Cellular Corp., Sprint Corp. နဲ့ T-Mobile US Inc. တို့က
ငြင်းဆန်ကန့်ကွက်မှုများ ရှိခဲ့ကြောင်း လည်း သိရပါတယ်။
Kill
switch ကိုအသုံးချပြီး အခြားသူတစ်ယောက်ရဲ့ဖုန်းကို Hacker တစ်ယောက်က
ပိတ်ပစ်နိုင်တဲ့အတွက် ဒါကအဖြေမှန်တစ်ခု မဟုတ်ကြောင်း wireless industry
တစ်ခုက ပြောကြားသွားပါတယ်။ US မှာ သူခိုးသူဝှက် ၃ ယောက်တွင် ၁ ယောက်က
ဖုန်းသူခိုးများ ဖြစ်ကြောင်း Federal Communications Commission က
ထုတ်ပြန်ထားပါတယ်။ စမတ်ဖုန်းများ
ပျောက်ဆုံးမှုနဲ့ အခိုးခံရမှုကြောင့်
ပြီးခဲ့တဲ့နှစ်က $30 billion အထိ ဆုံးရှုံးမှုရှိကြောင်းလည်း သိရပါတယ်။ kill
switch က လုံခြုံမှုမရှိပဲ Hack ဖို့လွယ်ကူတဲ့အတွက်ကြောင့် Carrier များက
Samsung ရဲ့အကြံပြုချက်ကို
ငြင်းပယ်ရခြင်း ဖြစ်ပါတယ်။
Guide Magazine
အခိုးခံရတဲ့ဖုန်းများကို အလုပ်လုပ်မှုရပ်ဆိုင်းပေးမယ့် Samsung ရဲ့အစီအစဉ်ကို ငြင်းပယ်ခဲ့ကြ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
နည်းပညာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin