ဟိုင်ယန် မုန်တိုင်းသင့်သူများကို ကူညီမယ့် One Direction

One Direction အဖွဲ့နှင့်အတူ ဂျေမီအိုလီဗာ၊ အန်ဒရူးမားစသည့် အနုပညာရှင် များသည် ဖိလစ်ပိုင်နိုင်ငံ မှ ဟိုင်ယန်မုန်တိုင်း ဒဏ်သင့်ခဲ့ သူများအား အလှူငွေ လှူဒါန်းရန် ပူးပေါင်းဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခတ်ခဲ့သော ဟိုင်ယန် မုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာအသက် ဆုံးရှုံးခဲ့ရပြီး လူပေါင်း များစွာ အိမ်ရာမဲ့ ဘဝရောက်ခဲ့ရသည်။

ထို့ကြောင့် One Direction အဖွဲ့ နှင့်အတူအခြား နာမည်ကြီး အနုပညာရှင် များသည် လန်ဒန်မြို့ BT မျှော်စင်၌ မုန်တိုင်းသင့် သူများအား အကူအညီ ပေးအပ် ရန် နိုဝင်ဘာ ၁၈ ရက်တွင် ရန် ပုံငွေပွဲ တစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

”အပျက် အစီးတွေ ကားမှာ ဒုက္ခ ရောက်နေတဲ့ ကလေးငယ်တွေ ရဲ့ ဓာတ် ပုံကို တွေ့ရတော့ ရင်ကွဲမတတ် ခံစား ရပါတယ်။ အကူအညီတွေ အများကြီး လိုအပ် ပါလိမ့် မယ်။ ဒါကြောင့် တတ် နိုင်သမျှထည့်ဝင် လှူဒါန်းဖို့ ဖိတ်ခေါ်ပါ တယ်”ဟု လီရန်ပေး ကပြောကြားသည်။

ဂျေမီအိုလီဗာ၊ အန်ဒရူးမား၊ အယ် လန်ရစ်မန်း၊ ဂျုံနီဖရော့ဂတ်နှင့် အယ် လန်လိခ်ျနှင့် ဟာသ သရုပ်ဆောင် စတီ ဖင်မားချန့် စသည့် သရုပ်ဆောင်များ လည်း အဆိုပါ အစီအစဉ် ၌ ပါဝင်ခဲ့ ကြောင်း သိရသည်။

သိင်္ဂီဝင်း

Ref:Digital Spy

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ