One Directionစတား နာမည်ကျော် အဆိုတော်လေးသည် ဂျပန်နိုင်ငံသို့
ရောက်ရှိနေစဉ် Discount ပေးနေသည့် ဂျပန်စတိုးဆိုင် တစ်ခုသို့ သွားရောက်ကာ
ဈေးဝယ်ထွက်ခဲ့သည်။
လူတိုင်း ဈေးလျှော့ပေးသော
အရောင်းပွဲတော်များကို နှစ်သက်ကြသည်။ သန်းကြွယ်သူဌေး တစ်ဦးပင်လျှင်
Discount အစီအစဉ်များကို သဘောကျသည်သာဖြစ်ကြောင်း ဟယ်ရီစတိုင်လ်စ်က
သက်သေပြခဲ့သည်။ One Directionစတား နာမည်ကျော် အဆိုတော်လေးသည်
ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် Discount ပေးနေသည့် ဂျပန်စတိုးဆိုင်
တစ်ခုသို့ သွားရောက်ကာ ဈေးဝယ်ထွက်ခဲ့သည်။ စနေနေ့က တိုကျိုမြို့တွင်
ဖွင့်လှစ်ထားသော စတိုးဆိုင် တစ်ခုသို့ ဟယ်ရီ ရောက်ရှိလာခြင်း ဖြစ်သည်။
ရော့ပွန်ဂီ အရပ်ရှိ Don Quijote စတိုးဆိုင်တွင် Discount အစီအစဉ် ရှိနေရာ
ဟယ်ရီက ကိုယ်ရံတော် အချို့နှင့်အတူ ရောက်ရှိလာခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းကို
တွေ့ရချိန်တွင် ပရိသတ် အများအပြားက တအံ့တဩ ဖြစ်နေခဲ့သည်။
ဟယ်ရီကိုယ်တိုင်ကမူ အတန်ငယ် ပျော်မြူးနေသည့်ဟန်ဖြင့် ဆိုင်ထဲသို့
ဝင်ရောက်လာသည်။ အသက်(၁၉)နှစ်ရှိ ဟယ်ရီသည် လှည့်ကြည့်နေသော ပရိသတ်များကို
ပြုံးပြနှုတ်ဆက်ရင်း ဆိုင်ထဲဝင်သွားခဲ့သည်။ Don Quijote ဆိုင်များကို
ဂျပန်တို့က Donkiဟု ခေါ်ဝေါ်လေ့ရှိပြီး အဝတ်အစားများနှင့်
လူ့အသုံးအဆောင်များကို Discount အစီအစဉ်ဖြင့် ရောင်းချပေးသည့်
လုပ်ငန်းတစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံ တနံတလျားတွင် Don Quijote
ဆိုင်ခွဲပေါင်း (၁၆၀)မျှ ရှိနေသည်။ ဟယ်ရီနှင့် ၎င်း၏ အဖွဲ့သားများသည် Take Me
Home ကမ္ဘာလှည့် ခရီးစဉ်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိ နေခြင်းဟု သိရှိရသည်။
Planet Myanmar Network
Discountဆိုင်တွင် ဈေးဝယ်ထွက်ခဲ့သည့် ဟယ်ရီစတိုင်လ်စ်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin