လန်ဒန်တွင် မန်ယူပွဲကြည့်ခွင့်ရမည့် ကံထူးရှင် ၁၁ဦး Clear ရွေးချယ်

အောင်မြင်ရဲဇော်၊ ရန်ကုန်၊ နိုဝင်ဘာ-၇

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် မန်ချက်စတာယူနိုက်တက်အသင်းကစား မည့် အဝေးကွင်း ပရီးမီးယားလိဂ်ပွဲစဉ် တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှု ခွင့်ရမည့် ကံထူးရှင် ၁၁ ဦးအား Clear Men ခေါင်းလျှော်ရည်က နိုဝင်ဘာ ၇ ရက်၌ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ရွေးချယ်ပေးခဲ့သည်။

သုံးလအကြာ၌ ကျင်းပခဲ့သော အဆိုပါကံထူးရှင်ရွေးချယ်ပွဲတွင် ပထမ အသုတ် ကံထူးရှင်သုံးဦးအား စက်တင်ဘာ ၂ရက်က ရွေးချယ်ခဲ့ပြီး ကျန်ကံထူးရှင် ရှစ်ဦးကို ထပ်မံရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှာ ပရီးမီးယားလိဂ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်း အပေါ် စိတ်ဝင်စားမှုများတာကို တွေ့ရပါတယ်။ ဒီအတွက် အင်္ဂလန်မှာ မန်ချက် စတာယူနိုက် တက်အသင်းကစားတာကို ကြည့်ခွင့်ရမယ့်အခွင့်အရေးကို ကံထူးရှင်တွေကို ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု Clear Men ၏ မားကက်တင်းမန်နေဂျာ မစ္စတာ ဂူတီရက်ဇ်က ပြောဆိုသည်။ လက်ရှိ ရွေးချယ်ထားသော ကံထူးရှင် ၁၁ဦးတွင် နယ်မှကံထူးရှင် များပါဝင် နေသောကြောင့် ၎င်းတို့အတွက် နိုင်ငံကူးလက်မှတ်၊ ဗီဇာစသည့် အင်္ဂလန်သို့သွားရောက်ရန် လိုအပ်ချက်များပြင်ဆင်ပြီးမှသာ မန်ယူအသင်းကစား မည့်ပွဲစဉ်နှင့် ထွက်ခွာမည့်ရက်ကို
ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

" အင်္ဂလန်သွားပြီး မန်ယူပွဲကြည့်ခွင့် ရမှာဖြစ်တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှား စရာကောင်းပါတယ်။ ဒီအခွင့်အရေးအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားမိပါတယ်"ဟု ပထမအသုတ် ကံထူးရှင် သုံးဦးအနက် တစ်ဦးဖြစ်သူ ကိုကောင်းမြတ်က ပြောသည်။ အဆိုပါကံထူးရှင် ၁၁ဦးနှင့်အတူ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ Clear လက်ကားဖြန့်ချိသူကံထူးရှင်နှစ်ဦးလည်း လိုက်ပါခွင့်ရခဲ့ပြီး လန်ဒန်မြို့၏ အထင် ကရနေရာများကို သွားရောက်လည်ပတ်ခွင့်ရမည့်အပြင် ခရီးစဉ်တွင်ကုန်ကျမည့် ဘောလုံးပွဲလက်မှတ်မှအစ နေထိုင်စားသောက်စရိတ်အားလုံးအပါအ၀င် နိုင်ငံ ကူးလက်မှတ်နှင့် ဗီဇာလျှောက်လွှာ တင်ခြင်းများကိုပါ Clear မှ စရိတ်ငြိမ်း ဆောင်ရွက်ပေးမည်ဖြစ်ဟု
သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ