သရေရလဒ်နှင့် ထိုက်တန်ခဲ့ကြောင်း မော်ရင်ဟို ပြောကြား

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဝက်စ်ဘရွန်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် ချယ်ဆီး အသင်းကို အငြင်းပွားဖွယ် ပင်နယ်တီပေးခဲ့သည့် ဒိုင်လူကြီး အန်ဒရီ မာရီနာ၏ ဆုံးဖြတ်ချက်အပေါ် ဟိုဆေး မော်ရင်ဟိုက ကာကွယ် ပြောကြားသွားခဲ့သည်။

အဆိုပါ ပွဲချိန်တွင် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ချယ်ဆီး ကွင်းလယ် ကစားသမား ရာမီးရက်စ်နှင့် ဝက်စ်ဘရွန်း နောက်ခံလူ စတီဗင်ရိဒ်တို့ တိုက်မိခဲ့ပြီးနောက် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့သည်။ ၎င်းကို အနှေးပြကွက်ဖြင့် ပြန်လည်ကြည့်ရှုရာတွင် အဆိုပါ ကစားပါ ကစားသမား နှစ်ဦးမှာ အနည်းငယ် တိုက်မိခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ချယ်ဆီးသည် နောက်ဆုံးမိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကြောင့် အိမ်ကွင်းတွင် သရေရလဒ် ရယူနိုင်ခဲ့ပြီး မော်ရင်ဟို၏ ပရီးမီးယားလိဂ် အိမ်ကွင်း မရှုံးသည့် စံချိန်ကို ၆၆ ပွဲအထိ တင်နိုင်ခဲ့သည်။

“ကျွန်တော်တို့ သရေရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆိုရင် ဝက်စ်ဘရွန်းက ကွင်းလယ်စည်းကိုတောင် ကျော်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ဘူး ဆိုပေမယ့် သူတို့ရဲ့ ခံစစ်ကလည်း အကောင်းဆုံး ကစားသွားခဲ့တယ်။ ပထမပိုင်းမှာ ဂိုးရဖို့ ကြိုးပမ်းခဲ့ကာ ကျွန်တော်တို့ အသင်းပါ။ ဒုတိယပိုင်းမှာလည်း အခွင့်အရေးကောင်း အချို့ကို ကျွန်တော်တို့ ရခဲ့ပါတယ်။ သူတို့ရခဲ့တဲ့ ပထမဂိုးဟာဆိုရင် ရယ်စရာကောင်းသလို ဒုတိယဂိုးကလည်း ဒိုင်လူကြီးရဲ့ အမှားကနေ ရသွားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်ပုံက ပိုကောင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သင့်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် အက်ရှ်လေကိုးလ်၏ နေရာ၌ ဆီဇာ အက်စ်ပီလီကူတာကို ထည့်သွင်း ကစားခဲ့ခြင်းသည် ကြံ့ခိုင်မှုထက် ကစားပုံကြောင့် ထည့်သွင်းကစားရန် ဆုံးဖြတ်ရခြင်း ဖြစ်ပြီး ၎င်း စပိန်ကစားသမားသည် မိမိ၏ အခန်းကဏ္ဍသစ်တွင်ဆက်လက်ပါဝင်မည် ဖြစ်ကြောင်း မော်ရင်ဟိုက ဖွင့်ဟခဲ့သည်။

“အက်စ်ပီလီကူတာ ကစားတာ အရမ်းကို ကောင်းပါတယ်။ သူ့ကို ဒီနေ့ပွဲ အတွက် ပထမဦးဆုံး ရွေးချယ်ခဲ့တာပါ။ သူဟာ ရှော့ကေးနဲ့ ပွဲမှာလည်း အကောင်းဆုံး ကစားခဲ့ပါတယ်။ သူ အမှားလုပ်ခဲ့တာ တစ်ခုမှ မရှိပါဘူး” ဟု ချယ်ဆီးမန်နေဂျာက ကိုးလ်အား အရံခုံတွင် ထိုင်ခိုင်ထားရသည့် အကြောင်းကို ရှင်းပြသွားခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ