အိုဇီက ဇီဒန်းထက် အလိမ်အခေါက် ကျွမ်းကျင်ဟု ၀င်းဂါး နှိုင်းယှဉ်

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဇီသည် ပြင်သစ်ကွင်းလယ်ကစားသမား ဇီဒန်းထက် အလိမ်အခေါက်ကျွမ်းကျင်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း အသင်းနည်းပြ အာစင်ဝင်းဂါးက ချီးကျူးပြောကြားလိုက်သည်။

အိုဇီနှင့် ရီးရဲလ်မက် ဒရစ်ကစားသမားဟောင်း ဇီဒန်သည် နည်းစနစ်ပိုင်း ကစားပုံခြင်း အနည်းငယ် တူညီမှုရှိသော်လည်း အလိမ်အခေါက်တွင်မူ အိုဇီက ဇီဒန်းထက်သာလွန်သော စွမ်းဆောင်ရည်ရှိကြောင်း အာစင်ဝင်းဂါးက ချီးကျူးခဲ့ခြင်း ဖြစ်သည်။

“အိုဇီက အလိမ်အခေါက် ကစားတဲ့ နေရာမှာ ဇီဒန်းထက် သာပါတယ်။ သူက လျင်လျင်မြန်မြန် ကစားနိုင်ပြီး ဘာလုပ်ရ မယ်ဆိုတဲ့ ဆုံးဖြတ်ကိုလည်း လျင်လျင်မြန် မြန် ချနိုင်တဲ့သူပါ”ဟု နည်းပြအာစင်ဝင်းဂါး က ချီးကျူးပြောကြားလိုက်သည်။

ထို့အပြင် အိုဇီ ရီးရဲလ်မက်ဒရစ်သို့ မရောက်ခင်အချိန်ကတည်းက မိမိအနေဖြင့် ယင်းကစားသမားကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးကြောင်း အာစင်ဝင်းဂါးက ဆိုသည်။ အိုဇီသည် ပြီးခဲ့သည့် စက်တင်ဘာက ရောက်ရှိလာခြင်း ဖြစ်သည်။

7Day Sport Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ