အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ်

အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ် Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြား
သူမအနေဖြင့် အဖော်အချွတ် ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးရန် ကြုံလာသည့်အခါ မည်သို့မည်ပုံ ချဉ်းကပ် စိတ်ပိုင်းဖြတ်ခဲ့သည်ကို ကိတ်ဘော့ဆွော့သ်က ဖွင့်ဟ ပြောကြားလိုက်သည်။ အသက်(၃၀)အရွယ်ရှိ မင်းသမီးသည် လတ်တလောတွင် Big Sur ဇာတ်ကားအတွက် Promotion အစီအစဉ်များတွင် ပါဝင်လျှက်ရှိသည်။ သူမ သရုပ်ဆောင်ထားသည့် အဆိုပါ ဇာတ်ကားကို နိုဝင်ဘာလအတွင်း ရုံတင်မည် ဖြစ်သည်။ Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြားခဲ့သည်။

"ကျွန်မ ရိုက်ရတဲ့ ပထမဆုံး ဇာတ်ဝင်ခန်းက အဝတ်အစားအားလုံး ချွတ်ရမှာလေ။ ရိုက်ကွင်းအဖွဲ့က ကျွန်မအနေနဲ့ စိတ်ပိုင်းအရ ပြန်စုစည်းဖို့ လိုမယ်ဆိုရင် တစ်ရက်နားဖို့ ပြောပါတယ်။ ကျွန်မအတွက် ရက်ရွှေ့ဖို့ လိုမလားလို့ ဒါရိုက်တာက မေးတယ်။ ဒါပေမဲ့ မဖြစ်မနေ လုပ်ရမှာ သေချာမှတော့ ကျွန်မ ခြေစုံပစ်ပဲ ဝင်လိုက်တော့တယ်"ဟု ကိတ်က ရှင်းပြခဲ့သည်။ မော်ဒယ်လ် တစ်ဦးလည်းဖြစ်သည့် ကိတ်သည် အဆိုပါ ဇာတ်ကားတွင် နီးလ်ကာဆာဒီ၏ အပျော်မယား ဘီလီအဖြစ် သရုပ်ဆောင်ထားသည်။ ကိတ်သည် လွန်ခဲ့သည့် (၂)လကမှ ဒါရိုက်တာ မိုက်ကယ်ပိုလစ်ရှ်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ အသက်(၄၃)နှစ်ရှိ မိုက်ကယ်သည် Big Sur ဇာတ်ကားကို (၂၀၁၁)ခုနှစ်က စတင်ရိုက်ကူးရင်း ကိတ်နှင့် ဆုံစည်းကာ ချစ်သူများ ဖြစ်ခဲ့ရာ ယခုဇာတ်ကားသည် ကိတ်အတွက် အောင်သွယ်ကောင်းလည်း ဖြစ်လာခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ