ဇီဒန်းမှာ မက်ဆီထက်သာသော တစ်ဦးချင်းထူးချွန်သည့်ဘောလုံးသမားဟု ပီလီမှတ်ချက်ပြုလာခဲ့

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၄)ကြိမ်အထိ ရရှိထားပြီးဖြစ်ကာ ဘောလုံးလောကတွင် အ ကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ် မှူး လီယွန်နယ်မက်ဆီမှာ ပြင်သစ်ကွင်းလယ်ဖန်တီးရှင် ဇီဒန်းနှင့်ယှဉ်လျှင် တစ်ဆင့်နိမ့်နေသူဖြစ်ကြောင့်းဘ ရာဇီးလ်နာမည်ကျော်ဘောလုံးသမား ပီလီက ပြောလာခဲ့သည်။ “ တစ်ဦးချင်းထူးချွန်မှုအရာမှာ ပြောရမယ် ဆိုရင် ဇီဒန်းက ပိုပြီးသာတယ်လို့ ပြောနိုင်ပါတယ်။ ဇီဒန်းတွဲကစားခဲ့တဲ့ အသင်းဖော်တွေဟာ မက်ဆီအခု ဘာစီလိုနာမှာ တွဲကစားနေတဲ့ ဇာဗီ၊ အင်နီယေစတာတို့လို ထိပ်တန်းဘောလုံးသမားတွေ တစ်ယောက်မှ မပါခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အကောင်းဆုံးဘောလုံးသမားဆုအတွက်တော့ မက်ဆီကိုပဲမဲပေးမိမှာပါ။ သူကတခြားသူတွေထက် နည်းစနစ်ပိုင်းကောင်းမွန်လို့ပါ”ဟု ပီလီက ပြောခဲ့သည်။

မက်ဆီအား မာရာဒိုနာထက်ပင် ကြီးကျယ်ခမ်းနားသော ဘောလုံးသမားဟု ခိုင်းနှိုင်းမှုကလည်း မကြာခဏ ဆိုသလို ထွက်ပေါ်လျက်သော်လည်း အခြားဘရာဇီးဘောလုံးသမားတစ်ဦးဖြစ်သူ ရီဗယ်လင်နိုကမူ ထိုအ ချက်ကိုလက်မခံချေ။ “ကျွန်တော့အမြင်အရဆိုရင်တော့ နေမာကတောင် မက်ဆီထက်ပိုပြီး နည်းစနစ်ပိုင်း ပိုကောင်းပါတယ်။ ဒါကြောင့် မက်ဆီကို မာရာဒိုနာနဲ့ ခိုင်းနှိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မက်ဆီက ကောင်း မွန်ပြည့်စုံပြီးသား အသင်းမှာ အသင့်ဝင်ကစားခဲ့တာပါ။ ဒီနှစ်တော့ အခြားဘောလုံးသမားက ကမ္ဘာ့အ ကောင်းဆုံးဆုကို ရသွားပါလိမ့်မယ်”ဟု ရီဗယ်လင်နိုက ပြောခဲ့ခြင်းဖြစ်သည်။

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ