အာကသထဲတွင် ပထမဆုံး ဖျော်ဖြေတော့မည့် လေဒီဂါဂါ

(၂၀၁၅)ခုနှစ် အစောပိုင်းတွင် ဂါဂါသည် Zero G Colony ဂီတဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ကမ္ဘာ့လေထု ပြင်ပတွင် ဖျော်ဖြေရန် စီစဉ်ထား

အဆန်းအပြား ဖက်ရှင်များ တီထွင်ဝတ်ဆင်ရုံဖြင့် အားမရနိုင်သည့်နောက် လေဒီဂါဂါတစ်ယောက် ထူးထူးဆန်းဆန်း ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုအတွက်ပါ ပြင်ဆင်နေပြီ ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ Popအဆိုတော်သည် ကမ္ဘာ့အပြင်ဘက်တွင် ပထမဆုံးအကြိမ် ဖျော်ဖြေမှု ပြုလုပ်မည့် အဆိုတော်အဖြစ် မှတ်တမ်းဝင်လာတော့မည်ဟု သိရှိရသည်။ ဂါဂါသည် အာကာသထဲတွင် ပထမဆုံး ဖျော်ဖြေပွဲ တစ်ခုကို ကျင်းပသွားမည် ဖြစ်သည်။ (၂၀၁၅)ခုနှစ် အစောပိုင်းတွင် ဂါဂါသည် Zero G Colony ဂီတဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ကမ္ဘာ့လေထု ပြင်ပတွင် ဖျော်ဖြေရန် စီစဉ်ထားခြင်းဟု ဆိုသည်။ အဆိုပါ ဂီတပွဲတော်ကို (၃)ရက်ကြာ ကျင်းပမည်ဖြစ်သည်။

Appalause အဆိုတော်က သူမ၏ အစီအစဉ်သစ်ကို GagaInSpace2015ဟူသော စာသားဖြင့် Twitterတွင် အတည်ပြု ရေးသားခဲ့သည်။ People မဂ္ဂဇင်းက ဂါဂါသည် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် လွှတ်တင်သည့် အာကာသယာဉ် Spaceport Americaပေါ်တွင် ဂါဂါက လိုက်ပါသွားပြီး ဖျော်ဖြေမည်ဟု ရေးသားခဲ့သည်။ ယင်းအစီအစဉ်သည် ဂီတဖျော်ဖြေမှုနှင့် နည်းပညာ ထိုးထွင်းမှုတို့ကို ပူးပေါင်းဖန်တီးထားခြင်းဟုလည်း ဆိုသည်။ ဂါဂါသည် ဖျော်ဖြေပွဲ အပိတ်နေ့တွင် ဂါဂါသည် Virgin Galactic အာကာသယာဉ်ဖြင့် Spaceportမှတစ်ဆင့် ကမ္ဘာမြေသို့ ပြန်လာမည်ဟုလည်း သိရသည်။ သူမ၏ အစီအစဉ် အသေးစိတ်ကိုမူ တိတိကျကျ ဖော်ပြထားခြင်း မရှိသေးချေ။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ