တာမွေမြို့နယ်တွင် စည်ပင်ဝန်ထမ်းတစ်ဦး ယာဉ်တိုက်မိသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၉.၁၁.၂၀၁၃ရက်နေ့ ၀၂၀၀ အချိန်တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ်/အမျိုးအစား(စိစစ်ဆဲ)ယာဉ်သည် တာမွေဈေးမှတ်တိုင် အရောက်တွင် လမ်းလယ်၌တံမြက်စည်းလှဲနေသော ဒေါ်စန်းစန်းဝင်း (စည်ပင်နေ့စားဝန်ထမ်း)၊ (ဘ)ဦးဟန်တင်၊ တာမွေမြို့နယ်နေသူအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်စန်းစန်းဝင်းတွင် ၀ဲခြေသလုံးဖူးယောင်၊ ယာဂျိုစောင်းဖူးယောင်ပေါက်ပြဲ၊နား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မောင်း (စုံစမ်းဆဲ)အား တာမွေမြို့မရဲစခန်းယာဉ်(ပ)၅၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ