ရွှေပေါက္ကံရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အမျိုးသမီးချင်းကတ်ကြေးဖြင့်ထိုး

ရွှေပေါက္ကံအထည်ချုပ်စက်ရုံတွင် အင်္ကျိပေါက်ပြဲတွေ့ရှိသည့်ကိစ္စစကားများရန်ဖြစ်ရာက ကတ်ကြေး
နှင့်ထိုးသဖြင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုမှု နိုဝင်ဘာလ ၂၀ ရက်နေ့ကဖြစ်ပွား ခဲ့ကြောင်းသိရ သည်။

အဆိုပါနေ့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံစက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ခုတွင် ရွှေပေါက္ကံ
မြို့နယ်နေ မမင်းမင်းစိုးထွေး သည် ၎င်းကြီးကြပ်ရေးမှူး အဖြစ်လုပ် ကိုင်စဉ် အထည် များအား စစ်
ဆေးခဲ့ရာ ကျားဝတ်ဂျာကင်တစ်ထည်ပေါက်ပြဲနေသည်ကို တွေ့ရသဖြင့် စက်ရုံ အထည်စစ်ဆေးရေး
အဖွဲ့ခေါင်းဆောင် မနီနီသန်း (စီစစ်ဆဲ)နှင့် အကျီကိစ္စ ပြောဆိုရာက စကားများရန်ဖြစ်စဉ် မနီနီသန်းမှ
ကတ်ကြေးဖြင့်ထိုးသဖြင့် ၀ဲလက်မောင်းပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ဖျန်ဖြေပေးသူ မရွှေဇင်ဝင်းတွင်
ယာလက်ခလယ်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရွှေပေါက္ကံနယ် မြေရဲစခန်း က(ပ)၂၀၉/၁၃ ပြစ်မှုပုဒ်မ ၃၂၄ အရ အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။

တိုးဝေအောင်   - မြန်မာတိုင်း(မ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ