" ဝန်ထမ်းများအတွက် ဘဝအခွင့်အလမ်းများအကြောင်း ပြောပြသည့် သီရိစံ "

Art Man Co.,ltd ၏ ဒါရိုက်တာတစ်ဦး ဖြစ်တဲ့ သီရိစံကမိမိလုပ်ငန်းမှ ဝန်ထမ်းတွေကို ကိုယ်တိုင်စီမံခန့်ခွဲ အုပ်ချုပ်ကာရှေ့ဆောင် လမ်းပြ နေသူတစ်ဦးအဖြစ် ရပ်တည်နေ ပါ တယ်။ စီးပွားရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သလို ခင်ပွန်းသည်ရဲ့စီးပွားရေး ကိုလည်း ပါဝင်အားဖြည့်ကူညီ ပေးကာ အနုပညာအလုပ်ကို လည်း ဝါသနာ အတိုင်းလုပ်ကိုင် နေသူ သီရိစံကို မီဒီယာလုပ်ငန်း ဝန်ထမ်းစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး မေးကြည့်တော့..

" လုပ်ငန်းခွင်တစ်ခုမှာ ဝန်ထမ်းတစ်ယောက် ကိုယ့်ဆီမှာ ရေရှည်လုပ်ဖို့ဆိုတာ ဒီဝန်ထမ်းစရောက်လာကတည်းက လုပ်ငန်းအပေါ် သူ့ရဲ့ စိတ်ဝင်စားမှု၊စေတနာ အဲဒီအ ပေါ်မှာမူတည်ပြီးသင်ပေး တယ်။သင်ပေးတဲ့အခါမှာ လည်းသူကအလုပ်ကို စိတ်ဝင် စားတယ်။ကိုယ့်အပေါ်မှာ သစ္စာလည်းရှိ၊စေတနာ လည်းရှိတယ်ဆိုရင် ကိုယ်နဲ့ ရေရှည်လက်တွဲနိုင်ပြီး အလုပ်မြဲ နိုင်တယ်လို့ ယူဆလို့ရတယ်။

သူက ယုံကြည်စိတ်ချရပြီး လုပ်ငန်းခွင်မှာရေရှည်မြဲပြီဆို ရင် ကိုယ့်လုပ်ငန်းအတွက်ရော၊ ကိုယ့်အတွက်ရော အလုပ်ကို လည်းမခိုမကပ်သစ္စာ၊ စေတနာ ပါတဲ့ ဝန်ထမ်းဆိုရင် လစာက အစ အချိန်တိုအတွင်း တိုးပေး ခိုင်းတာပေါ့။ ကိုယ့်အလုပ်ထဲမှာ သူပျော်အောင်လည်း ကိုယ့် ဘက်ကလုပ်ပေးရတာပေါ့။

စေတနာ၊ စိတ်ဝင်စားမှုအပြင် စည်းကမ်းလည်းရှိ၊ သိတတ်တဲ့ ဝန်ထမ်းမျိုးဆိုရင်နှစ်ဘယ် လောက်ကြာကြာစိတ်က မပြောင်းလဲဘဲကိုယ်နဲ့ မိသားစု ဝင်တွေဖြစ်သွားတာပေါ့။ အကျိုးအမြတ်ကို ထည့်မတွက် ပဲသာတယ်၊နာတယ်မစဉ်း စားတဲ့ဝန်ထမ်းဆိုရင် အလုပ် ရှင်တစ်ယောက်အနေနဲ့ မေတ္တာ၊ စေတနာပိုပြီးတိုးသွား တယ်။

တချို့ကလုပ်ငန်းခွင်မှာ တကယ်ပဲကိုယ့်ဘက်က သူ့အ လုပ်စိတ်ဝင်စားမှုကြောင့် ခန့်လိုက်တယ်။နှစ်တွေရှည် လာတော့ အရောင်ပြောင်း လဲသွား တတ်တာလည်းရှိတာပဲ။

တချို့ဆိုရင် ရေရှည်လိုချင်ပါ သော်လည်းလစာ ဘယ်လောက် ပုံပေးပေးသူကမပျော်တော့ဘူး ဆိုရင် လက်မလွှတ်ချင်သော် လည်းလက်လွှတ်ရမှာ။ နှမြော သော်လည်း လက်လွှတ်ခဲ့ရ တယ်" လို့ ပြောပြခဲ့ပါတယ်။ ဝန်ထမ်းတစ်ယောက်ရဲ့ အရည် အချင်းတိုးတက်ဖို့သင်တန်း ပေးခြင်းမှာကော ဘယ်လောက် ထိလုပ်ပေးပါသလဲလို့မေး ကြည့်တော့"
သင်တန်းတွေကို သင်ပေးနိုင်တယ်။သင်ပေးချင် တယ်။

ဒါပေမဲ့ တော်တော် များများကရုံးရောက်ရင် အရင် ဦးဆုံးလုပ်တာက ဖေ့စ်ဘုတ် သုံးခြင်းပဲ။သင်တန်းခေါ်ရင် တက်ချင်တဲ့စာရင်းတစ် ယောက် မှမရှိဘူး။ ပညာရေးကို ဦးစား မပေးတော့ဘဲဒီဘက် မော်ဒယ် ဖြစ်တဲ့အိုင်တီခေတ်ကိုပဲ စိတ် ရောက်တာပေါ့။သင်တန်း ကတော့ဘယ်လုပ်ငန်း၊ ဘယ်ရုံး မဆိုလုပ်ပေးတာပဲ။ တက်ချင် လို့ တက်တဲ့လူရှားပါတယ်" လို့ ပြောပြခဲ့ပါတယ်။ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေအချင်းချင်း ဆက်ဆံရေးပြေလည်အောင်၊
လုပ်ငန်းတာဝန်တွေနဲ့တွေ့ တဲ့အခါကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဘယ်လို စီမံခန့်ခွဲပေးပါသလဲလို့ မေးကြည့်တော့ သီရိစံက..

" များသောအားဖြင့် ဝန်ထမ်း နှစ်ဦးက တွေ့ပြီဆိုရင် သူတို့ကိုယ်သူတို့ ယှဉ်ပြိုင်ရတာများတယ်။ ယှဉ်ပြိုင်တဲ့ အခါမှာအတတ်ပညာ၊ အသိ ပညာဒါတွေကို ကောင်းသော ယှဉ်ပြိုင်ခြင်းနဲ့ယှဉ်ပြိုင်စေချင်တယ်။ကိုယ့် ဘက်ကကိုယ့်အရည်အ သွေးအစစ်အမှန်ကို စစ်မှန်တဲ့ယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်ကြလား၊လုပ်ငန်းတစ်ခုမှာ အောက် ခြေကနေတက်မှယှဉ်ပြိုင်ရဲ တဲ့သတ္တိလည်းရှိတာပေါ့။ ဒီဝန် ထမ်းတွေကိုယ့် လုပ်ငန်းခွင် မှာမှန်ကန်စွာယှဉ်ပြိုင်ဖူးလား မေးရမှာပေါ့။

ပြီးတော့ကိုယ်က အပြင်လူနဲ့တွေ့ရင် ကိုယ် တိုင်ဖြေရှင်းရမှာမို့ ကြိုတင် ပြင်ဆင်မှုကတော့လုပ်ရ မှာပဲ။ဝန်ထမ်းပေါင်း တစ်ရာကျော်ကိုသူ့လုပ်ငန်းနဲ့သူ တာဝန်ပေးထား တယ်။အချိန်ပိုင်း အလုပ် သမားလည်းရှိတယ်။မတူညီကွဲပြားတဲ့ စိတ် တွေကို အုပ်ချုပ်စီမံရ တာတော့ဘယ်လွယ်ပါ့မလဲ" လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
ဓာတ်ပုံ-ရဲရဲ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ