အင်ဒို နီးရှားအခြေစိုက် မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန်
ကြံစည်ခဲ့သူများ အဖြစ် သံသယရှိသူနှစ်ဦးကို နို ဝင်ဘာ၁၁ရက်တွင်
ရုံးတင်စစ်ဆေး ခဲ့သည်ဟု သိရသည်။
ရုံးတင်စစ်ဆေးခံရသူနှစ်ဦး မှာ ရိုခါဒီ၂၈နှစ်နှင့် တူဖစ်ခ် ၂၂နှစ်
တို့ဖြစ်ကြပြီး မေလတွင်တိုက်ခိုက် ရန် ကြံစည်ခဲ့မှုအတွက် သေဒဏ်
ကျခံရဖွယ်ရှိနေသည်ဟု သိရသည်။
ရိုခါဒီသည် အကြမ်းဖက်တိုက်ခိုက်
မှုအတွက် ရန်ပုံငွေစုဆောင်းရှာ ဖွေသူအဖြစ် စွပ်စွဲခံထားရပြီး တူ ဖစ်ခ်သည်
ဗုံးဖောက်ခွဲရန်အတွက် အကူအညီပေးခဲ့သူဟု ယူဆရ ကြောင်း အင်ဒိုနီးရှားရဲဌာန၏
ပြောကြားချက်အရ သိရသည်။
တူဖစ်ခ်ကို ဗုံးဖောက်ခွဲရန်
အစီအစဉ်မတိုင်မီ ညပိုင်းအချိန် ၌ ဂျကာတာတောင်ပိုင်းတွင် အခြားသူတစ်ဦးနှင့်
ဆိုင်ကယ် စီးနင်းလာစဉ် သက်ဆိုင်ရာတာ ဝန်ရှိသူများက ဖောက်ခွဲရေးကိရိ
ယာများနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာသံရုံးအား
ဗုံးခွဲတိုက် ခိုက်ရန်ကြံစည်ခဲ့သော အဆိုပါ သံသယရှိဖွယ် တရားခံနှစ်ဦးသည်
အင်ဒိုနီးရှား အစွန်းရောက်ဝါဒီ များဖြစ်သည်ဟုသိရှိရပြီး မြန်မာ
နိုင်ငံတွင်ဖြစ်ပွားခဲ့သော မူဆလင်- မြန်မာလူမျိုး ပဋိပက္ခအပေါ်တွင်
လက်စားချေရန် ရည်ရွယ်ချက် ဖြင့် ယင်းသို့ကြံစည်ခဲ့ခြင်းဖြစ် သည်ဟု AFP
သတင်းဌာနက ရေးသားဖော်ပြထားသည်။
ရှေ့နေ များ၏ တရားရုံးတော်သို့
လျှောက် လဲချက်များအရ အဆိုပါနှစ်ဦး သည် အင်ဒိုနီးရှား နီဂါရာအစ္စ
လာမ္မစ်အစွန်းရောက် အဖွဲ့ဝင် များဖြစ်သည်ဟု သိရသည်။
Yangon Media Group
အင်ဒိုနီးရှားရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူနှစ်ဦး ရုံးတင်စစ်ဆေး
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin