အင်းစိန်မြို့နယ်မှ လူသတ်မှုတရားခံအား ဖေါ်ထုတ်ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၅

၃.၁၁.၂၀၁၃ရက်နေ့ ၂၁၀၀အချိန်ခန့် အင်းစိန်မြို့နယ်၊ ဖော့ကန်
ရပ်ကွက်နေ ကိုလှဝင်းအောင် (ဘ)ဦးလှရွှေသည် ဖော့ကန်ရပ်ကွက်၊ ရဲဘော် (၄)လမ်းနှင့် ဂျပန်လမ်းဖြတ်၊ လမ်သွယ်ထဲတွင် ၀ဲပါးဖူးယောင်၊ ၀ဲမျက်ခုံးပေါက်ပြဲဒဏ်ရာတို့ဖြင့် သတိလစ်နေ၍ ၎င်း၏မိခင် ဒေါ်တင်လှမှ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရာ ၂၁၂၅အချိန် သေဆုံးသွားခဲ့သဖြင့်
ဒေါ်တင်လှမှ သားဖြစ်သူ ကိုလှဝင်းအောင်ကို ဒဏ်ရာရ
သေဆုံးအောင်ပြုလုပ်သူအား စုံစမ်းအရေးယူပေးရန် တိုင်တန်း၍ အင်းစိန်မြို့မရဲစခန်း(ပ)၁၁၆၄/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီးတရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၃၂၅အချိန်တွင် အမှုမှတရားခံ သက်နိုင်စိုး(ဘ)ဦးသောင်းရွှေ၊
ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူအား ဖမ်းဆီးရမိစစ်ဆေးခဲ့ရာ
ဖော့ကန်ရပ်ကွက်၊ စုပေါင်းမဟာဘုံကထိန်ပွဲအတွက် ရပ်ကွက်အတွင်း ကျွဲရုပ်ဖြင့် လှည့်လည်အလှူခံရာ ကျွဲရုပ်၌ချိတ်ဆွဲမည့် အလှူငွေများအား ကိုလှဝင်းအောင်မှ ယူထားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများစဉ် ၎င်းမှ လှဝင်းအောင်အား လက်သီးနှင့်ထိုး၊ ခြေထောက်ဖြင့်ကန်ကြောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်နိုင်စိုးအား အင်းစိန်မြို့မရဲစခန်းသို့ လွှဲပြောင်းပို့အပ်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ