အင်္ဂလန်တွင် အိမ်မဲ့ရာမဲ့အရေအတွက် တိုးမြင့်လာ

[ Ref-Guardian ၊ အင်္ဂလန် ၊ နိုဝင်ဘာ ၄ ]

အင်္ဂလန်နိုင်ငံတွင် သား သမီးရှိသော မိသားစုဝင်များ ယာယီအခြေချနေအိမ် [bed and breakfast (B&Bs)] တွင် နေထိုင်မှုနှုန်းမှာ ဆယ်နှစ်တာ ကာလအတွင်း သိသိသာသာတိုး မြင့်လာခဲ့သည်ဟု သိရသည်။
အတိုကောက် B&Bs ခေါ် ယာယီအခြေချနေအိမ်များ သည် အိမ်ခြေမဲ့မိသားစုဝင်များ အတွက် အရေးပေါ်ယာယီတည်း ခိုရန် ငှားရမ်းသော နေအိမ်ဖြစ် ပြီး အိပ်ခန်းနှင့်မနက်စာတို့ကို ရရှိနိုင်မည်ဖြစ်သည်။

အိမ်ပိုင် ရာပိုင်မရှိသော မိသားစုဝင်များ က B&Bs များတွင် သီတင်း ပတ်ခြောက်ပတ်ထက်ပို၍ မနေ ထိုင်သင့်ကြောင်း ကန့်သတ်မှုများ ရှိသော်လည်း ၂၀၀၉ခုနှစ်မှစ တင်ကာ B&Bs တွင် အခြေချ နေထိုင်သော သားသမီးရှိမိသားစု ဝင်များအရေအတွက်မှာ မြင့် တက်လာခဲ့ပြီး လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ B&Bs တွင် နေထိုင်သော မိသားစု ၂၀၉၀ ၏ သုံးပုံတစ်ပုံသည် ကန့်သတ်ထား သော သီတင်းပတ်ခြောက်ပတ် ထက်များစွာကျော်လွန်ကာ နေ ထိုင်လျက်ရှိသည်။

လွန်ခဲ့သောနှစ်တွင် B&Bs တွင် နေထိုင်သော မိသားစုဝင် အရေအတွက်မှာ ၁ဝရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အိမ်ခြေမဲ့မိ သားစုဝင် ၄၃၀၀၀ ကျော်သည် အခြားသောအရေးပေါ်ယာယီ အခြေချနေထိုင်မှုပုံစံဖြင့် နေ ထိုင်နေကြသည်ဟုပင် သိရသည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ