အလှအပဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလှမယ်တို့ရဲ့တစ်ကိုယ်ရေ လူမှုဘဝအလှ

ခန္ဓာကိုယ် အချိုးအစားလိုက်ဖက်ညီပြီး အသားအရည်စိုပြည်နူးညံ့ဝင်းမွတ်လှပစေဖို့အပြင် ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးအတွက် ကိုယ်ကာယအခြေခံလေ့ကျင့်ခန်းများ အစဉ်သဖြင့်ပြုလုပ်ကာ ထိန်းသိမ်းစောင့်ရှောက် ကြရတာ အလှမယ်တို့အတွက် လူမှုဘဝမှာအရေးကြီးဆုံးအရာဖြစ်ပါတယ်။ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေဆီကို ယှဉ် ပြိုင်နိုင်ခွင့်ရရှိနေကြသူ မြန်မာအလှမယ်ပြိုင်ပွဲများကနေ တက်လှမ်းယှဉ်ပြိုင်နိုင်ခွင့် ရရှိနေကြသူမြန်မာအလှမယ်တွေဖြစ်ကြတဲ့ နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ ခင်ဝင့်ဝါနဲ့ခင်လပြည့်ဇော်စတဲ့ အလှမယ်များဟာကျန်းမာရေးကို အမြဲတမ်းဂရုတစိုက် အဓိကထား လုပ်ဆောင် ကြရကြောင်းသူတို့ရဲ့ပြောစကားသံတွေကို စုစည်းဖော်ပြ လိုက်ပါတယ်။

နန်းခင်ဇေယျာ

Miss တစ်ယောက် အနေနဲ့ကျန်းမာရေးကိုပိုပြီး ဂရုစိုက်သင့်တယ်။ ခန္ဓာ ကိုယ် ကြံ့ခိုင်သန် စွမ်းရမယ်။ စိတ်ဓာတ်ရေးရာကအစ အားလုံး ကြံ့ကြံ့ခံနိုင်ရမယ်။ Miss တစ် ယောက်အနေနဲ့လှရုံပရုံနဲ့မ လုံလောက်ဘူး။ ကျန်းမာရေး ကအစအားလုံးပြည့်စုံမှ ရမယ်။ညီမအနေနဲ့လည်းကျန်းမာ ရေးကိုဂရုစိုက်ဖြစ်တယ်။ အစားအသောက်ကို ပိုဂရုစိုက် ဖြစ်တယ်။နိုင်ငံခြားမှာဆိုရင် အသားဖြူတာကိုသဘောမကျ ဘူး။အသားဖြူရင်ကျန်းမာရေး မကောင်းဘူးလို့သူတို့က ခံယူထား တယ်။ကျန်းမာရေးနဲ့ပတ်သက် ပြီးလည်းညီမလေ့လာဖြစ်ပါတယ်။အစားအသောက်နဲ့တင်မဟုတ် ဘဲ၊ကိုယ်၊လက်လှုပ်ရှားမှု လည်း လုပ်ဖို့လိုပါတယ်။ လူတစ် ယောက် အတွက် ကျန်းမာရေး က အဓိ ကအရေးပါပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ ညီမတို့အနေနဲ့ကျန်းမာရေး ကိုလည်း လိုက်စားသင့်တယ်လို့ ထင်ပါတယ်။ ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးပါပဲ”

ဂုဏ်ရည်အေးကျော်

ညီမဆိုရင် International မှာ သွားပြိုင်ရတော့မှာ။ အဲဒီအချိန်မှာ လည်ချောင်းလေးနာတာပဲဖြစ်ဖြစ်၊ နှာစေးချောင်းဆိုးတာပဲဖြစ်ဖြစ်ကျန်းမာရေးတစ်ခုခုဖြစ်သွားရင် တ အားစကားပြောပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို အပြည့်အဝမလုပ်နိုင်တော့ဘူး။ ကိုယ်ပြောရမယ့်စကားတွေကို အပြည့်အဝမပြော နိုင်တော့ ဘူး။ နိုင်ငံအတွက် လည်း တအား ကြီးနစ်နာသလို၊ ကိုယ်ရမယ့်အ မှတ်တွေအတွက်လည်းအများကြီး နစ်နာပါတယ်။ အဲဒီလိုအချိန်မျိုး မှာ ကျန်းမာရေး၊အစားအ သောက်၊ အိပ်ချိန် ကအစအစစ အ ရာရာ ဂရုစိုက် ရမယ်လို့ မြင်ပါ တယ်။အခု ဆိုရင် အစားအသောက်ကအ စဂရုစိုက်ပြီး စားပါတယ်။အလှအပအတွက် ကျတော့ Spa တွေ ကိုတစ်ပတ်တစ်ခါ သွားဖြစ်ပါတယ်။င်္Facial လည်း ပုံမှန်လုပ်ဖြစ်တယ်။ ဂုဏ်ရည်ကပူ တာကြိုက်တယ်။ တအားအေးနေရင် ဂုဏ်ရည်မကြိုက်ဘူး။ အခုဆိုရင် တအားအေးတဲ့ ဂျပန်မှာ သွားပြိုင်ရမှာဆိုတော့ ဂုဏ်ရည်နည်းနည်းတော့ စိုးရိမ်တယ်။ နှာစေး၊ချောင်း ဆိုးဖြစ်မှာစိုးတယ်။ ကျန်းမာရေးက Miss တွေအတွက်မှ မဟုတ်ပါ ဘူးလူတိုင်းအတွက် ကျန်းမာရေးက အရေးကြီးပါ တယ်။မ ကျန်းမာရင် ပျော်ရွှင်စေမယ့်အရာ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။အဲဒီအတွက် ကျန်းမာရေးကို ဂရု စိုက်ကြ ပါလို့ ပြောချင်ပါတယ်။

ခင်ဝင့်ဝါ

လူတစ်ယောက်အတွက် ကျန်းမာရေးကတအားအရေး ကြီးပါတယ်။ ညီမအနေနဲ့လည်း ကျန်းမာရေးကိုတအားဂရုစိုက်ပါတယ်။ အစားအသောက်က အစအစစအရာရာ အားလုံး ဂရုစိုက်ရတယ်။ ညီမဆိုရင် အငံအစပ်ရှောင်တယ်။ အနုပညာရှင်တွေမှမဟုတ်ပါဘူး။ လူတိုင်းအားလုံးအတွက် ကျန်းမာရေးက တအားအရေးကြီးပါတယ် ။ ညီမတို့ Miss Supranational သွားပြိုင်တုန်းကလည်း ကျန်းမာရေးကို အရမ်းဂရုစိုက်တယ်။ ညီမတို့ဘယ်ပဲ သွားသွား ညီမတို့နောက်မှာ ဆရာဝန်အမြဲ တမ်း ပါပါ တယ်။ ခေါင်းကိုက်တာ ကအစဆရာဝန်ကို ပြောပြီး ဂရုစိုက်တယ်။ ကျန်းမာရေးကို လူတိုင်း ဂရုစိုက်သင့် တယ်လို့ ညီမ ထင်ပါတယ်။

ခင်လပြည့်ဇော်

” လပြည့်ကတော့ အဓိကအနေနဲ့ အသားအရည်ကို ထိန်းသိမ်းဖြစ်တယ်။ အသားအရေနဲ့ ကိုယ့် ရဲ့ကိုယ်ခံအားကောင်းဖို့ကအရေးကြီးတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ လပြည့်တို့က ပင်ပန်းမှုဒဏ်တွေကို ခံရတယ်။ပင်ပန်းမှုဒဏ်ကို ခံနိုင်ဖို့ကကိုယ်ခံအားကောင်း နေဖို့လိုအပ်တယ်။ အဲဒီတော့ ကြက်ပေါင်း ရည်သောက်တယ်။ ဆယ် တန်းလောက်အရွယ်ကတည်းက လပြည့်အားဆေးကို စွဲစွဲမြဲမြဲသောက်တယ်။ အသားအရေနဲ့ပတ်သက်ပြီးတော့ skin care တွေကိုသုံးဖြစ်တယ်။ ဒါပေမဲ့အသီး အနှံတွေ ကို ပိုပြီးစားဖြစ်တယ်။ ခရမ်းချဉ်သီး တို့၊မုန်လာဥနီတို့ကို နေ့တိုင်းနီးပါးစားဖြစ်တယ်။ ကျန်းမာရေးကိုအစားအစာနဲ့ပိုပြီး ဂရုစိုက်ဖြစ်တယ်။ တခြားနိုင်ငံတွေမှာ ကိုယ်က သွားပြီး ပြိုင်ရတော့ သက် လုံကောင်းဖို့ လည်းလိုတယ်။အိပ်ရေးကို အတတ်နိုင်ဆုံးဝအောင်အိပ်ဖြစ်တယ်။ တခြားနိုင်ငံကအလှမယ်တွေ နဲ့ပြိုင်ရတဲ့အခါကျတော့ စိတ်ကြည် လင်ဖို့လည်း လိုတယ်။ အဓိကကတော့ ကိုယ့်ရဲ့မျက် နှာလေးကလည်း တအားအရေးကြီးတယ်။ အိပ်ရေးဝပြီး စိတ်ကြည်လင်နေ မှမျက်နှာလေးက ဝင်းပြီးတော့ လှနေမှာ၊ကြည့်ကောင်းနေမှာလေ။ လပြည့်က ရှစ်တန်းကျောင်းသူ အရွယ်ကတည်းက တစ်ချိန်ကျရင် Miss တစ်ယောက်ဖြစ်ရမယ်ဆိုပြီး ရည်ရွယ်ချက် ပဲရှိခဲ့တယ်။ Miss တစ်ယောက်ဖြစ်လာတဲ့အခါမှာလည်း အစစအရာရာ ဂရုစိုက်ပြီးတော့နေတယ်။ စိတ်ကိုကြည်လင်အောင်ထားတယ်။ ခန္ဓာကိုယ်လှပဖို့ အတွက်လည်း အချိန်ရရင် ရသလို ဂျင်ကစားဖြစ်တယ်။ အဓိကကတော့ အစားအစာကို ဂရုစိုက်ပြီးစားတယ်။ အသီးအနှံတွေကို ပိုစားဖြစ်တယ်။ အဆီမပါတဲ့နို့ကိုေ တာ့နေ့တိုင်းပုံမှန်ေ သာက်ဖြစ် တယ်။ သက်လုံကောင်းဖို့လည်း တအား အရေးကြီးတယ်။ အစစအရာရာ အားလုံးတော့ အရေးကြီးပါတယ်။ စိတ်ထား လည်း ကောင်းဖို့ လို တယ်။ လပြည့် ကတော့ အိမ်မှာတရားထိုင် ဖြစ်တယ်။

ပေါ်ပြူလာအဖွဲ့
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ