နာမည်ကြီးတံဆိပ် ဖိနပ်နှင့် အဝတ်အစားများ မုန်တိုင်းသင့်ဒေသသို့ ဘက်ခမ်းစုံတွဲ လှူဒါန်းမည်

ကမ္ဘာကျော်စုံတွဲ ဒေးဗစ်ဘက်ခမ်းနှင့် ဒီဇိုင်နာဗစ်တိုးရီးယားတို့က ဖိလစ်ပိုင်နိုင်ငံတွင် ခံစားခဲ့ရသည့် တိုင်ဖွန်းမုန်တိုင်း ဟဲလန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအတွက် အဝတ်အထည်နှင့် ဖိနပ်များကို ဗြိတိန်ရှိ ကြက်ခြေနီကယ်ဆယ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်သည်။

အဆိုပါလှူဒါန်းမှုတွင် နာမည်ကြီးတံဆိပ်ဖိနပ်များအပြင် နာမည်ကျော်ဒီဇိုင်နာများ၏ အဝတ်အထည်များ၊ ဒီဇိုင်နာသင်တန်းသူများ၏ ဖက်ရှင်လက်ရာ အဝတ်အထည်များ ပါဝင်မည်ဖြစ်ကြောင်းနှင့် အခြားအလှူရှင်များကိုလည်း လှူဒါန်းရန် တိုက်တွန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါစုံတွဲက ဆိုသည်။

ဘက်ခမ်းတို့စုံတွဲသည် အဝတ်အထည်အထုပ်ပေါင်း ၂၀ ကျော်ကို လှူဒါန်းရန် လာရောက်ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် အဝတ်အထည်အားလုံးနီးပါးသည်လည်း အသစ်များဖြစ်ကြောင်း၊ သို့သော် ဒီဇိုင်နာ ဗစ်တိုးရီးယား၏ အချို့အဝတ်အထည် များသည် အလွန်သေးငယ်သည့်အတွက် အချို့သောသူများအတွက် အဆင်မပြေမည်ကို စိုးရိမ်မိကြောင်း ကြက်ခြေနီရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒီဇိုင်နာဗစ်တိုးရီးယားအနေဖြင့် ဇူလိုင်လအတွင်းက ကင်ဆာဖောင်ဒေးရှင်းတစ်ခုအတွက် ၎င်းဖန်တီးချုပ်လုပ်ထားသည့် အဝတ်အထည်များလှူဒါန်းခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းကလည်း ၎င်း၏ အားကစားသမားဘဝမှ ဝင်ငွေများဖြင့် ဒေသတွင်း မိဘမဲ့ဂေဟာများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ